Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
၂၀၂၄-၂၀၂၅ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီးအဆင့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပ
Sep 09,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီးအဆင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ တိုင်း/ခရိုင်/မြို့နယ်ပညာရေးမှူး များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျောင်းသား/ကျောင်းသူများက ပညာသည်သာရတနာသီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်း အနားကို ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ် ဓမ္မရက္ခိတကျောင်းတိုက်တွင် ဇီဝိတဒါန အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းနှင့် ကွန်ပျူတာပညာဒါန အပတ်စဉ် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဒရင်ကောက်ကျေးရွာအုပ်စု၊ ကမာချိုင့်ကျေးရွာ၊ ဓမ္မရက္ခိတကျောင်းတိုက်တွင် ယမန်နေ့ မွန်းတည့်(၁၂)နာရီက 119 စတိုး မိသားစုမှ ဇီဝိတဒါန အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းနှင့် ကွန်ပျူတာပညာဒါန အပတ်စဉ် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ သင်္ဘောလွန်းကျင်းအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Sep 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင်လည်း မြို့နယ်အတွင်း ဆမားဒူးဝါးရပ်ကွက်ရှိ ထွန်းလင်းအောင် သင်္ဘောလွန်းကျင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နယ်စပ်ရေးရာဝန်ကြီးဌာနမိသားစုများမှ ဆွမ်းဆန်တော်များလှူဒါန်း
Sep 09,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မိသားစုများမှဝါတွင်းကာလအတွင်း ဘုန်းတော်ကြီးကျောင်းများတွင် ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့်ဝါဆိုသံဃာတော်များအတွက် ဆွမ်းကိစ္စရပ်များ အခက်အခဲမရှိစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များလှူဒါန်းလျက်ရှိရာ ယနေ့နံနက်က ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန္ဒာသီရိနွေးနှင့် ဝန်ထမ်းများက ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်(၂)ကျေးရွာ အောင်သုခ ကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဓမ္မဉာဏထံသို့ (၂၄)ပြည့်ပါ ဆန်အိတ်(၃)အိတ်၊ ဆီ(၁၀)ပိဿာ၊ ကုလားပဲ(၃)ပြည်၊ သင်္ကန်း(၁)စုံ တို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် သဘာဝသစ်စိမ်းမြေဩဇာပေါများစွာ အသုံးပြုနိုင်ရေး ကားလမ်း ဘေးဝဲ၊ယာများ၌ ပိုက်ဆံလျှော်ပင်စိုက်ပျိုးရန် လမ်းညွှန်ထားရှိ
Sep 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်သည် စိုက်ပျိုးရေးကဏ္ဍအား အဓိကစီပွားရေးကဏ္ဍအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည့် ဒေသတစ်ခုဖြစ်ရာ စိုက်ပျိုး ထုတ်လုပ်ချိန်များ၌ ဓာတုမြေဩဇာအစား သဘာဝမြေဩဇာ အစားထိုးထည့်သွင်း စိုက်ပျိုးနိုင်ရေးအတွက် ဘိုကလေးမြို့နယ်အတွင်းရှိ ကားလမ်းဘေး ဝဲ၊ ယာများတွင် ပိုက်ဆံလျှော်ပင်စိုက်ပျိုးရန် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအား မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီအနေဖြင့် လမ်းညွှန်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 09,2024
၂၀၂၄-ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားတက်ရောက်
Sep 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ကျင်ဒွေးဒေသ ယာယီနေရပ်စွန့်ခွာပြည်သူများအား ယာယီနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ကာ၊ ထောက်…
Sep 09,2024
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ကျင်ဒွေးဒေသမှ ယာယီနေရပ်စွန့်ခွာပြည်သူများသည် ယမန်နေ့တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ရောက်ရှိခဲ့ရာ မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွတ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှေ့နေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက စစ်ဘေးရှောင်ပြည်သူများအားတွေ့ဆုံ၍ ယာယီစီမံထားသည့် မကွေးတက္ကသိုလ် ဗိဿနိုးဆောင်တွင် နေထိုင်နိုင်ဖို့အတွက် စီမံဆောင်ရွက်ပေးကာ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများအား ထောက်ပံ့ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6935
Page
6936
Page
6937
Page
6938
Current page
6939
Page
6940
Page
6941
Page
6942
Page
6943
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department