Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းပျဉ်းမြို့၌ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ သင်တန်းသား ဆရာ၊ ဆရာမများအား တွေ့ဆုံအားပေးစကားပြောကြားခြင်း ဆောင်ရွက်
Sep 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ စာရင်းစစ်၊ စာရင်းကောက်သင်တန်း တက်ရောက်နေကြသော သင်တန်းသား ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး သင်တန်းဖွင့်လှစ်ထားသောခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တောင်ပေါ်ဒေသ ရေဘေးဒဏ်ခံစားခဲ့ရသောဒေသများသို့သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ဆန်ရေရိက္ခာထောက်ပံ့ အားပေးစကားပြောကြား
Sep 25,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ရေဘေးဒဏ်ခံစားခဲ့ရသော တောင်ပေါ်ဒေသ မြင်းဒိုက်၊ ဆင်တောင် ခွေးရုပ်၊ ပင်မုန်းကျေးရွာများသို့ စက်တင်ဘာ ၂၄ ရက်က တာဝန်ရှိသူများသွားရောက်၍ ရေဘေးသင့်ပြည်သူများအား ဆန်ရေရိက္ခာများထောက်ပံ့ပေးပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့၌ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Sep 25,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ကျောက်ကန်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် မီးဘေးသင့်အိမ်ထောင်စုများ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် (၁) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်အတွင်း ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် အဆုတ်နှင့်ရင်ခေါင်း(တီဘီရောဂါ)ဆိုင်ရာများ အခမဲ့စမ်းသပ်စစ်ဆေးကုသခြင်း လုပ်ငန်းများကွင်းဆင်းဆောင်…
Sep 25,2024
မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေးစစ်ဆေးရေးအဖွဲ့နှင့် သထုံမြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် အဆုတ်နှင့်ရင်ခေါင်း(တီဘီရောဂါ)ဆိုင်ရာများ အခမဲ့စမ်းသပ်စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများကို ယနေ့နံနက်က သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ (မူဆာတန်း)အခြေခံပညာမူလတန်းကျောင်း၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် တံတားအားပြန်လည်ပြုပြင်ဆောင်ရွက်
Sep 25,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စစ်တောင်းမြစ်ရေမြင့်တက်လာပြီး ရေတိုက်စားမှုကြောင့် တံတားများ ပျက်စီးခဲ့ရာ ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သောကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြိုနယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယမန်နေ့မှ စတင်ကာ ပျက်စီးသွားသည့် တံတားအားပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံခရိုင် သန်းခေါင်စာရင်းကော်မတီ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 25,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ
Sep 25,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ထားသည့် မူလတန်းကြိုကျောင်းရှိ ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်ပြီးဉာဏ်ရည်ဖွံ့ဖြိုးစေရေး ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်က ချောင်းဆုံမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့၌ သန်းခေါင်းစာရင်းဆိုင်ရာ မြို့နယ်အဆင့် နည်းပြသင်တန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြည့်ရှုအားပေး
Sep 25,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ် စာရင်းကောက်သင်တန်း(ဆဋ္ဌမမြောက်နေ့) ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6745
Page
6746
Page
6747
Page
6748
Current page
6749
Page
6750
Page
6751
Page
6752
Page
6753
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department