အမြို့မြို့အနယ်နယ်သတင်းများ

Sep 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်များ အသိပညာ၊ အတွေးအခေါ်များပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း‌ခွဲအမှတ်(၂) ‌အခြေခံပညာအလယ်တန်းကျောင်းပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။
Sep 25,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အုတ်တွင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ယမန်နေ့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
Sep 25,2024
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် အခြေခံစားသုံးသူပြည်သူများ  နေထိုင်စားသောက်မှုအဆင်ပြေနိုင်စေရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်မြို့၊ ဒေါနခန်းမတွင် ဆန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 25,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကော့ကရိတ်မြို့၊ ဒေါနခန်းမတွင် ပြုလုပ်ကျင်းပသည်။
Sep 25,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ကော့ကရိတ်မြို့ ဒေါနခန်းမ၌ စက်တင်ဘာ ၁၆ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
Sep 25,2024
ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် မိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေး ဝယ်ယူကြိတ်ခွဲ တင်ပို့သူ၊ သွင်းအားစုအစုအဖွဲ့များမှ မျိုးစပါးပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူ၊ သွင်းအားစုအစုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
Sep 25,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာ ဗဟုသုတတိုးပွား‌စေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်၊ လူငယ်များ အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်‌စေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များရင့်သန်လာစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်(၂)နာရီက မန်းသံပုရာကန် အခြေခံပညာအထက်တန်းကျောင်းခွဲကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Sep 25,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ၏ အဓိကစိုက်ပျိုးရေး ထွက်ကုန်သီးနှံ တစ်မျိုးဖြစ်သော ချဉ်ပေါင်ဖာလာများမှာ ယခုနှစ်တွင် ဈေးနှုန်း မြင့်တက်လာသဖြင့်  တောင်သူများနှင့် ကုန်သည်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။