Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လွိုင်ကော်မြို့နယ်အတွင်း ယာယီရေဘေးသင့်ကယ်ဆယ်ရေးစခန်းများ၌ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ
Sep 26,2024
လွိုင်ကော်မြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပေါ်မှုများကြောင့် ယမန်နေ့တွင် မြို့နယ်အတွင်း ရပ်ကွက်(၈)ခု၌ ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရပ်ကွက်အတွင်းရှိ ပြည်သူများအား စတင်ရေဝင်ရောက်ချိန်မှစ၍ ယာယီရေဘေးကယ်ဆယ်ရေး စခန်း(၃)ခု ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ် ဝန်ကြီးချုပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) တက်ရောက်
Sep 26,2024
ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “လက်ရှိဖြစ်ပေါ်နေသော ရေကြီးရေလျှံဖြစ်ပွားမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်၊ ရေဝင်ရောက်မှုကြောင့် မြို့နယ်အတွင်း ဆက်သွယ်သွားလာမှုူမပြတ်တောက်စေရေးနှင့် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးစီစဉ်ဆောင်ရွက်နိုင်ရန်၊ တိကျမှန်ကန်သော စာရင်းဇယားများကို၊ မြို့ပေါ်သာမက ကျေးရွာပါမကျန်ကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုစာရင်းများအား အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ ပြုစုတင်ပြရေး၊ ဖွဲ့စည်းထားသော ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ရာတွင် တက်ကြွစွာဆက်လက်ဆောင်ရွက်ရေး၊ စေတနာရှင်၊ အလှူရှင်အဖွဲ့များက လာရောက်လှူဒါန်းပါက ရေဘေးဒဏ်ခံရသော ပြည်သူများ၏ လက်ဝယ်သို့ မျှတစွာရောက်ရှိရေး ဆောင်ရွက်ပေးရန်၊ ကူညီကယ်ဆယ်ရေးဆောင်ရွက်ရာတွင် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျစီမံဆောင်ရွက်ရန်” စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှ…
Sep 26,2024
ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့်နည်းတူ ဘုန်းတော်ကြီးကျောင်းများလည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်သဖြင့် ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ရှမ်းပိုင်းရပ်ကွက်ရှိ ရွှေကျောင်းပရိယတ္တိ စာသင်တိုက်သို့ ရောက်ရှိပြီး ဆရာတော်များထံ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဝန်ကြီးချုပ်က “သံဃာတော်များအတွက် ဆွမ်းနှင့် ဆွမ်းဟင်းများ ချက်ပြုတ်ရာတွင် အဆင်ပြေစေရေးအတွက် လိုအပ်သည့် ထင်း၊ မီးသွေး၊ မီးဖိုများ၊ ရေသန့်များနှင့် စက်သုံးဆီများ လှူဒါန်းသွားရန်၊ ကျောင်းဝေယျာဝစ္စကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် လှေတစ်စီးအား စီစဉ်ထားရန်နှင့် ရေများပြန်လည်ကျဆင်းပါက ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးရန်” တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲပြုလုပ်
Sep 26,2024
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖြူးမြို့မရဲစခန်းမှကြီးမှုး၍ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က စည်ပင်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အ…
Sep 26,2024
မွန်ပြည်နယ်တွင် အများပြည်သူများ အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း
Sep 26,2024
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ် (၁၃) ရပ်ကွက် စခန်းအမှတ်စဉ် (၂) နှင့် အမှတ်(၃)ရပ်ကွက် စခန်းအမှတ်စဉ် (၃) ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ် Community Centre ခန်းမ၌ စာဖတ်ရှိန်မြင့်တင်ရေးအသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
Sep 26,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ(၁) နာရီအချိန်က Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ရေကြီးရေလျှံမှုကြောင့် စာသင်ခန်းများအတွင်း တင်ကျန်ခဲ့သည့် ရွှံ့ ၊ နွံ များဖယ်ရ…
Sep 26,2024
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၁)ရဲဗိုလ်ချုပ်တင်ကိုကိုသည် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း မိုးများအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံပြီး ရေများကျသွားချိန်တွင် စာသင်ကျောင်းဝန်းနှင့် စာသင်ခန်းများအတွင်း တင်ကျန်ခဲ့သော ရွှံ့၊ နွံ များကို ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းတွင် သန့်ရှင်းရေးပြုလုပ်နေခြင်းအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6741
Page
6742
Page
6743
Page
6744
Current page
6745
Page
6746
Page
6747
Page
6748
Page
6749
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department