ရမည်းသင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဖြေဆို

ရမည်းသင်း မတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှ စတင်၍ စာစစ်ဌာနအလိုက် ဆက်လက်ဖြေဆိုလျက်ရှိသည်။

ရမည်းသင်းမြို့နယ်အနေဖြင့် စာစစ်ဌာန (၇) ခု ဖွင့်လှစ်ထားရှိပြီး ယနေ့ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်တွင် ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ ကျား (၉၁၇) ဦး၊ မ (၁၃၈၄) ဦး၊ စုစုပေါင်းဖြေဆိုသူ (၂၃၀၁) ဦး၊ ဖြေဆိုရန် ပျက်ကွက် ကျား (၇၇) ဦး၊ မ (၂၃) ဦး၊ ဖြေဆိုသူ ၉၅ ဒသမ ၈၄ ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟိန်းပြည့်ဇော်(ခရိုင်/ပြန်ဆက်)