ဝမ်းတွင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို

ဝမ်းတွင်း မတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့နံနက်ပိုင်းတွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနလေးခုဖွင့်လှစ်ထားရှိပြီး ယနေ့နံနက်ပိုင်းတွင် အင်္ဂလိပ်စာဘာသာရပ်ကို ကျား ၅၈၅ ဦး၊ မ ၈၃၁ ဦး၊ စုစုပေါင်း ၁၄၁၆ ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)