Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Nov 24,2024
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ စုပေါင်းဝန်ထမ်းအိမ်ရာများတွင် သန့်ရှင်းသာယာလှပရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းတွင် မသန်စွမ်းသူများအားကစားပြိုင်ပွဲများကျင်းပမည်
Nov 24,2024
အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်၊ မသန်စွမ်းအားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ တစ်ရက်နေ့မှ သုံးရက်နေ့အထိ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ ဆီများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကျင်းပ
Nov 24,2024
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ ဆီများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ် ၊ ၃/မာန်ပြေရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား
Nov 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်းမကြီးပေါ်ရှိ စည်ပင်ဆိုင်ခန်းအမှတ်(၁၇/၁၈)၊ K K Naing ဂတ်စ်ဆိုင်တွင် ယမန်နေ့နံနက်(၁၀:၁၇)နာရီအချိန်တွင် မီးလောင်နေကြောင်းသတင်းရရှိသဖြင့် မီးလောင်မှုဖြစ်ပွားရာနေရာသို့ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမင်းစိုင်းအေး၊ အရှေ့ပိုင်းခရိုင်း၊ မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးကိုကိုကြီးဦးစီး၍ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အုပ်ချုပ်မှုယာဥ်(၂)စီး၊ မီးငြိမ်းသတ်ယာဥ်(၂၅)စီး၊ ရေသယ်ယာဥ်(၁၀)စီးတို့ဖြင့် တပ်ရင်း(၉)မှတပ်ရင်းမှူးဒုဗိုလ်မှူးကြီးမောင်မောင်စိုးဦး၊ ဗိုလ်တထောင်ခရိုင်ရဲတပ်ဖွဲ့ဒုတိယရဲမှူးကြီးလှဘုန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများပါဝင်သည့်ပူးပေါင်းအဖွဲ့မှ လုံခြုံရေးဆောင်ရွက်ပြီး မီးငြှိမ်းသတ်ခဲ့ရာ(၁၀:၃၄)အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး(၁၁:၂၀)အချိန်၌ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး…
Nov 24,2024
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာ လှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း)စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီအချိန်က မကွေးမြို့အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်၍ ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Nov 24,2024
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကလေးသူငယ်များကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွား၊ သေဆုံးမှု လျော့နည်းကျဆင်းစေရန်ရည်ရွယ်ပြီး ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် တိုးချဲ့ထိုးနှံဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးအား ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ် မကျော်သော ကျောင်းသူ(၇၉)ဦးအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် တိပိဋက ပါဠိ-မြန်မာအဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 24,2024
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်က ဆောင်ရွက်လျက်ရှိသည့် တိပိဋက ပါဠိ - မြန်မာ အဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ် ရေကျော်ပွဲဈေး လူများကြိတ်ကြိတ်တိုးစည်ကား
Nov 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ ရေကျော်ပွဲဈေးသည် ငါးနှစ်ခန့်ရပ်နားထားရာမှ ပြန်လည်ပြုလုပ်သည့် ရန်ကုန်မြို့တွင် ထင်ရှားကျော်ကြားလှသည့် ပုဇွန်တောင်မြို့နယ် ရေကျော်ပွဲဈေးကို ပြန်လည်ကျင်းပလျက်ရှိပြီး လူအများကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6582
Page
6583
Page
6584
Page
6585
Current page
6586
Page
6587
Page
6588
Page
6589
Page
6590
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department