အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သစ်တောဦးစီးဌာနမှကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလေထု​​​​ထိန်းချုပ်​ရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၃ ရက်က ကျိုင်းတုံမြို့နယ်၊ လွိုင်မွေတောင်စခန်းမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ကျင်းပသည်။
Nov 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် သံဃာတော်များ ဆွမ်း၊ ကွမ်း ပြည့်စုံပြီး သာသနာပြုလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေစေရေး ဆွမ်းဆန်စိမ်းများ၊ ဝတ္ထုငွေများ၊ ဝတ္ထု ပစ္စည်းများ လောင်လှူသည့် ရတနာသုံးပါးပူးဇော်ပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီက ဖောင်ရွာရပ်ကွက်၊ “ဝေဘူ”သာသနာ့နယ်မြေတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 23,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၊ ၂၀၂၄ခုနှစ် ​နိုဝင်ဘာလ ၂၅ ရက်​နေ့တွင် ကျ​ရောက်မည့် (၁၀၄) နှစ်​မြောက် အမျိုးသား​အောင်ပွဲ​နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက အ​ခြေခံပညာအထက်တန်း​ကျောင်း(မိုင်းဖြတ်)၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Nov 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၄၉) စက်မူလယ်ယာစခန်းမှ မျိုးစေ့ချကိရိယာဖြင့် ပဲပုပ်မျိုးစေ့ချစိုက်ပျိုးခြင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ဖက်သောင်ကျေးရွာအုပ်စု အစုကြီးကျေးရွာ တောင်သူဦးရွှေထူး၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။
Nov 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ ဈေးများတွင် ပွင့်လင်းရာသီ၌ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ဇလွန်မြို့မစျေးသစ်တွင် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင်းခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့သည်။
Nov 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဖြင့် ပျဥ်းမကန်ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေး ဂဝံလမ်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့က ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်း၀င်လတ်နှင့် ၀န်ထမ်းများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Nov 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် (၁၀၄) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီအချိန်က အ.ထ.က(၁) တွံတေး​ ယုဇနခန်းမ၌ ကျင်းပပြုလုပ်သည်။
Nov 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တည်ထောင်ခြင်း နှစ် (၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်အဖြစ် မဂ္ဂဇင်းထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပခဲ့သည်။