အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2024
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလအတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်အနေဖြင့် အားကစားနည်း(၂၃)နည်းအနက် (၂၁)နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အဆိုပါအားကစားအသင်းများအား စေလွှတ်ယှဉ်ပြိုင်နိုင်ရေးအတွက် အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက် ညနေ ၃ နာရီက ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
Nov 24,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကျောင်းအခြေပြုဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ ၂၇၃၂ ဦးတို့အား ထိုးနှံပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။        
Nov 24,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနက မြို့နယ်အတွင်းအဓိက သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မှီကျော်လွန်ရေး စံပြကွက်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး နည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ရွှေဝါမြိုင်တောင်သူနည်းပညာပေးစင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 24,2024
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင်မှော်ဘီမြို့နယ် မော်ပီဆရာသိန်း စာကြည့်တိုက် (၁၁) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မှော်ဘီမြို့၊ ပြည်လမ်း၊ အမှတ် (၄)ရပ်ကွက်၊ မော်ပီဆရာသိန်းစာကြည့်တိုက်၌ ကျင်းပခဲ့သည်။
Nov 24,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ နောင်ဘိုကြီးအခြေခံပညာအထက်တန်းကျောင်း၏ (၂၆၀ ပေ x ၃၁ ပေ) ချစ်သူမေတ္တာ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ်တည်နေရာ၌ ကျင်းပသည်။
Nov 24,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ မူးယစ်ဆေးအန္တရာယ်အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာလ(၂၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က အ.မ.က(၄)ကျောင်း၌ ပြုလုပ်ခဲ့သည်။
Nov 24,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း သီးနှံများပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့သည့် တောင်သူများထူးချွန်ဆုပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက်( ၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 24,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ အလည်ရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။