Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဈေးများအဆင့်မြှင့်တင် နေမှုလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
Dec 01,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အောင်ချမ်းသာဈေးသို့ရောက်ရှိရာ မုံရွာမြို့နယ်အမှုဆောင်အရာရှိ ဦးထွန်းထွန်းက ဈေးဆိုင်ခန်းများ၌ ဈေးသည်များ ဈေးရောင်းချနေမှု အခြေ အနေများနှင့် ကာလကြာမြင့်ပြီဖြစ်သည့် သံဖရိမ်ဈေးရုံ အလျား - ၁၀၂ ပေ၊ အနံ - ၅၁ ပေ ရှိဈေးရုံ၊ သစ် သားဈေးရုံ - ၆ ရုံ၊ သားငါးတန်း၊ သစ်သီးတန်းဈေးရုံများ ပြန်လည်ပြုပြင်တည်ဆောက် ပြီးစီးမှုအခြေအနေများ၊ ဈေးအတွင်းရေစီးရေလာကောင်းမွန်ရေး ရေနှုတ်မြောင်းများ ပြန်လည်တူးဖော်နေမှုနှင့် ဈေးကြီးအားခြံစည်းရိုးကာရံနေမှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ လူနှင့်တောဆင်အကြား ပဋိပက္ခလျော့နည်းစွာနေထိုင်နိုင်ရေး အသိပညာပေးခြင်းနှင့်ဖြေရှင်းနိုင်မည့်နည်းလမ်းများ ဆွေးနွေးပွဲ ကျင်းပ
Dec 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် လူနှင့်တောဆင်အကြား ပဋိပက္ခလျော့နည်းစွာ နေထိုင်နိုင်ရေးအသိပညာပေးခြင်းနှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေး အဖွဲ့မှ လုပ်ငန်းလိုင်စင်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ…
Dec 01,2024
တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားမည့် ရွှေဆိုင်လုပ်ငန်းရှင်များအား လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Dec 01,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံ၏ အတွင်း၊ အပြင်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ဆေးရုံအတွင်း၊ အပြင်ပတ်ဝန်းကျင်သန်ရှင်းသာယာရေး၊ သစ်ပင်များအားအလင်းဖွင့်ခြင်း၊ သစ်ကိုင်းရှင်းလင်းခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကိုကြည့်ရှုအားပေးပြီး စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ရေး၊ ရေစီးရေလာကောင်မွန်စေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြား သည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ၈၄၂၂ ဧက စိုက်ပျိုးပြီးစီး
Dec 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ယခုနှစ်ဆောင်းသီးနှံ စိုက်ရာသီတွင် ဒေသခံတောင်သူများ ပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် မျိုးကောင်း၊ မျိုးသန့်များသုံးစွဲရေးနှင့် စိုက်စနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲနိုင်ရေး၊ ပဲသီးနှံများစီးပွားဖြစ်စိုက်ပျိုးနိုင်ရေး၊ ပဲသီးနှံများအရည်အသွေးကောင်းရရှိရေး၊ အထွက်နှုန်းရရှိရေး၊ နည်းပညာရပ်များရယူသုံးစွဲနိုင်ရေးနှင့် ဈေးကွက်ဝင် ပဲသီးနှံများစိုက်ပျိုးကြရေး စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ကစိုကျေးရွာအုပ်စု၌ ထယော်ကော်စာကြည့်တိုက်သစ်ဖွင့်လှစ်
Dec 01,2024
ကရင်ပြည်နယ်အတွင်း ယခုနှစ်တွင် စာကြည့်တိုက်သစ် (၇)တိုက် တည်ဆောက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဘားအံခရိုင်တွင် (၅)တိုက်ဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက စတုတ္ထမြောက် စာကြည့်တိုက်သစ်ဖွင့်ပွဲအနေဖြင့် လှိုင်းဘွဲမြို့နယ်၊ ကစိုကျေးရွာအုပ်အုပ်စု ထယော်ကော်စာကြည့်တိုက်သစ်ဖွင့်ပွဲကို အဆိုပါ စာကြည့်တိုက်သစ်တည်နေရာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ သင်ထောက်ကူပစ္စည်းများလက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသ…
Dec 01,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံပညာကျောင်းများမှ အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြည်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့နယ်၊ တောပုကျေးရွာ၌ အလင်းသစ် စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်လှစ်
Dec 01,2024
စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နေပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်အတွက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ၏ ထောက်ပံ့မှုဖြင့် ဆောက်လုပ်ပြီးစီးသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တောပုကျေးရွာ၊ အလင်းသစ်စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6552
Page
6553
Page
6554
Page
6555
Current page
6556
Page
6557
Page
6558
Page
6559
Page
6560
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department