Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ၌ စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေး ဆွေးနွေးပွဲ ကျင်းပ
Dec 01,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း (FFA) က မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးမြင့်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်ကျင်းပသည့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးဆွေးနွေးပွဲကို နိုဝင်ဘာ ၃၀ ရက်နေ့က ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ ဘုရားကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့တွင် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အခမ်းအနား ကျင်းပ
Dec 01,2024
၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်၌ နေကြာစိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု
Dec 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာနှင့် ကြခတ်ကုန်းကျေးရွာတို့တွင် ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု ၆၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး
Dec 01,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘတ်ဂျတ် ခွင်ပြုရန်ပုံငွေဖြင့် ဆည်မုန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၆၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Dec 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ ပူးပေါင်း၍ အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာ ရောင်းချခြင်းအား ယနေ့နံနက်ပိုင်းက စတင်၍ လူစည်ကားရာနေရာဖြစ်သည့် မြို့မစျေး၌ ပြည်သူများအား ကြက်သား၊ ငါးနှင့် ကြက်ဥ၊ ဘဲဥများအား ပြင်ပပေါက်စျေးထက် သက်သာသော နှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော် ကျင်းပ
Dec 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာ ၃၀ ရက်က ပြည်နယ်အားကစားကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ရှမ်းနှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးကော်မတီ နာယက ဒေါက်တာ စဝ်လင်းဆိုင်ဟွန်းနှင့် ဦးစိုင်းတစ်အွမ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် ၂/၂၀၂၄ သင်တန်းဆင်းပွဲကျင်းပ
Dec 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် ၂/၂၀၂၄ သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ…
Dec 01,2024
မုံရွာမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ကျန်းမာသန်စွမ်းစွာ ပညာသင်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ) ဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6551
Page
6552
Page
6553
Page
6554
Current page
6555
Page
6556
Page
6557
Page
6558
Page
6559
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department