Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လေးမျက်နှာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းကုသမှုများဆောင်ရွက်
Dec 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ခတ္တူအုပ်စု ရွာသစ်စုကျေးရွာတွင် ဒေသခံပြည်သူများအား ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းကုသမှုများကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့၌ ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုလမ်းလျှောက်ပွဲ အင်အား(၅၀၀)ကျော် ပါဝင်ဆင်နွဲ
Dec 08,2024
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင် သောဘဝကို ပိုင်ဆိုင်နိုင်စေရန်အတွက် ၂၀၂၄-ခုနှစ် ယမန်နေ့နံနက် (၅)နာရီခွဲက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဉီး စီးဌာနရုံးရှေ့စုရပ်မှ စတင်ထွက်ခွာသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်၌ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများ ကျင်းပ
Dec 08,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၂) ရပ် ကွက်၊ မြို့မစာသင်တိုက်၌ မြို့နယ်သံဃနာယကအဖွဲ့၏ ဩဝါဒနှင့်အညီ စာမေးပွဲကြီးကြပ်ရေးအဖွဲ့မှ စီစဉ်သော လူပုဂ္ဂိုလ်များဆိုင်ရာ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ကျင်းပလျက်ရှိရာ ယမန်နေ့နေ့လယ် ၁၂ နာရီချိန်က အဘိဓမ္မာ(ရိုးရိုး) ဒုတိယဆင့်နှင့်အဘိဓမ္မာ (ဂုဏ်ထူးဆောင်) ဒုတိယဆင့် စာမေးပွဲကို ဆက်လက်ဖြေဆိုကျင်းပလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ သတ္တမအကြိမ် ဓနုအမျိုးသားနေ့ အခမ်းအနားသို့တက်ရောက်
Dec 08,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသခန်းမ၌ ယနေ့နံနက် ၉ နာရီက သတ္တမအကြိမ်ဓနုအမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်ဇနီး၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်မိသားစုများ၊ ဒေသအဆင့်ဌာနဆိုင်ရာများ၊ ပင်းတယနှင့်ရွာငံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Dec 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပြည်သူများ လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် စားနပ်ရိက္ခာများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၈)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)တွင် အခြေခံ စားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဒီဇင်ဘာအားကစားလ ပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 08,2024
ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်သည့်အလေ့အကျင့်ကောင်းများရှိလာရေးနှင့် ကျန်းမာကြံ့ခိုင်လာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဒီဇင်ဘာအားကစားလ ပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ ဆန် စားသုံးဆီနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး
Dec 08,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ပြည်သူများ ပြင်ပပေါက်ဈေးထက်သက်သာသောနှုန်းထားဖြင့် ဝယ်ယူနိုင်ရန်အတွက်ရည်ရွယ်၍ အောင်သုခရပ်ကွက်၌ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ရွေ့လျားမော်တော်ယာဥ်ဖြင့် ဆန်၊ စားသုံးဆီနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်း ချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့၌ (၇၅)နှစ်မြောက် ရဝမ်အမျိုးသားနေ့စိန်ရတုအထိမ်းအမှတ်အကြို မာရသွန်ပြိုင်ပွဲကျင်းပ
Dec 08,2024
၂၀၂၄-ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ရဝမ်အမျိုးသား နေ့စိန်ရတု အထိမ်းအမှတ်အကြို မာရသွန်ပြိုင်ပွဲကို ယမန်နေ့နံနက် (၆)နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် လမ်းဆုံမှ စတင်တာထွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6478
Page
6479
Page
6480
Page
6481
Current page
6482
Page
6483
Page
6484
Page
6485
Page
6486
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department