Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြို့နယ်အမျိုးသမီးရေးရာနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကိုယ်လုံပညာသင်တန်း ဖွင့်လှစ်
Dec 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာနှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်း၍ ကိုယ်လုံပညာသင်တန်းဖွင့်ပွဲကို ၆-၁၂-၂၀၂၄ ရက်နေ့ နေ့လယ် (၃)နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်၌ ဆင်းသုခ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Dec 08,2024
မကွေးတိုင်းဒေသကြီ၊ မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် ချောင်းနက်အုပ်စု၊ ချောင်းနက်အရှေ့၌ တောင်သူ ဦးစိုးမြင့်၏ လယ်မြေကွင်းအမှတ် (၂၇၂၉)၊ ဦးပိုင်အမှတ် (၂၈၇)ရှိ စိုက်ဧက (၁)ဧကတွင် ယနေ့ နံနက်ပိုင်းက ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စပါးမျိုး ဆင်းသုခ မိုးစပါးစံကွက် စုပေါင်းရိတ်သိမ်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့ ရွှေဟင်္သာစျေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြ
Dec 08,2024
မွန်ပြည်နယ် မုဒုံမြို့ ရွှေဟင်္သာစျေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါ စျေးကြီး၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်၌ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှဒေသဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့်ဝေးလံသော တောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည် ယနေ့နံနက်(၁၀)နာရီအချိန်က ဝမ်ခုတ်ကျေးရွာအုပ်စု၊ ပင်းကွေ့(လားဟူ)ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်…
Dec 08,2024
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ရှိ အမှတ်(၁)၊ အခြေခံ ပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပါဝင်ကူညီခဲ့သည့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲနှင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်
Dec 08,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာရှိ ပညာဘဏ်တိုက်စာကြည့်တိုက်အဆောက်အအုံအသစ်ဖွင့်ပွဲနှင့် VDP စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့ကကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က စာကြည့်တိုက် အဆောက်အအုံအသစ်နှင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှ တ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ စာကြည့်တိုက် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ၊ ပရိဘောဂများ ဖြည့်တင်းထားရှိမှုနှင့် ခင်းကျင်းပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာအုပ်စုတွင် မိုးစပါးစံကွက် ရိတ်သိမ်း
Dec 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၆၅)၊ ကလင်ဘန်းကွင်း၊ ဦးပိုင်အမှတ်(၄၀)၊ မြေကွက်အမှတ်(၂၆၇)၊ တောင်သူ ဦးငွေလွယ်၏ ဆင်းသုခ စပါးမျိုးစိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းတွင် ဒီဇင်ဘာလ(၆)ရက်က မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတောင်းမြို့၌ ဒီဇင်ဘာအားကစားကာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ဆောင်ရွက်
Dec 08,2024
ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ယမန်နေ့နံနက် ၅ နာရီ၌ ဌာနဆိုင်ရာများစုပေါင်း၍ ကျိုင်းတောင်းမြို့ အရပ်ကွက်များအတွင်း “စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” သီချင်းဖြင့် ဒီဇင်ဘာအားကစားကာလ လမ်းလျှောက်ပွဲတွင် ပြည်သူလူထုပူးပေါင်းပါဝင်ရန် အသိပေးနှိုးဆော်၍ လမ်းလျှောက်ပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6481
Page
6482
Page
6483
Page
6484
Current page
6485
Page
6486
Page
6487
Page
6488
Page
6489
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department