Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူစွာဖြေရှင်းနိုင်ရန်အတွက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ချောင်းမြို့နယ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ ယာယီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စွမ်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၇ နာရီခွဲအချိန်၌ သရက်ချောင်းမြို့၊ မြို့နယ်စည်ပင်သာယာဈေးအတွင်း/ အပြင်နှင့် မြိတ်-ထားဝယ်ကားလမ်းမပေါ်တွင် ပြည်သူများအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးဒေသထွက် ရာသီစာ ဒရင်ကောက်ပင်များ လိုက်လံချိုးယူရောင်းချသူများပိုများလာ
Dec 10,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုအချိန်တွင် အလုပ်အကိုင်များ ရှားပါးလာသည်နှင့်အားလျော်စွာ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် ဥယျာဉ်ခြံအတွင်းရှိ ချောင်းငယ်များ၏ ဘေးပတ်ဝန်းကျင်တစ်လျောက်နှင့် လယ်ကွက်များတွင် သဘာဝအတိုင်း ပေါက်ရောက်သည့် ဒရင်ကောက်ပင်များကို လိုက်လံချိုးယူရောင်းချသူများ ပိုများလာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ယာဉ်စည်းကမ်း လမ်းစည်းကမ်း” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Dec 10,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်ပြီး သိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ယာဉ်စည်းကမ်း လမ်းစည်းကမ်း” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Dec 10,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်ပြီး သိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စကောကရင်ဘာသာ ကဗျာရွတ်ပြိုင်ပွဲ ပြုလုပ်
Dec 10,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်တိုင်းရင်းသားအများစုနေထိုင်သည့် ဒေသဖြစ်သည့်အားလျော်စွာ ကျောင်းသူ/ကျောင်းသားများအနေဖြင့် မိမိတို့၏ ဘာသာစကားများ တတ်မြောက်စေရန် ရိုးရာဓလေ့ထုံးတမ်း ယဉ်ကျေးမှုများကို သိရှိပြီး အလေးထားတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စကောကရင်ဘာသာရွတ်ပြိုင်ပွဲ ဒီဇင်ဘာ ၈ ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်သုံးစွဲမှု မရှိစေရေးနှင့် အစားထိုး သုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေး စိစစ်ကြပ်မ…
Dec 10,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ပြည်သူများ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံးပလတ်စတစ်အိတ်များ လျှော့နည်းသုံးစွဲစေရေးအတွက် အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲလိုက်နာ ဆောင်ရွက်မှု ရှိစေရေးအသိပညာပေး ကြပ်မတ်စစ်ဆေးခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် “မြို့မ” ဈေးအတွင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ကြရေး အသိပေးနှိုးဆော်
Dec 10,2024
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊ ပြည်သူတို့၏အသက် အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဒီဇင်ဘာ ၉ ရက်နေ့ညပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် အမှတ် (၅)ရပ်ကွက်အတွင်း၌ လှည့်လည်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့တွင် ထုတ်လုပ်မှုစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်
Dec 10,2024
MsME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် "ထုတ်လုပ်မှုစွမ်းဆောင်ရည်မြှင့်တင်ရေး" သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပဲခူး) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6474
Page
6475
Page
6476
Page
6477
Current page
6478
Page
6479
Page
6480
Page
6481
Page
6482
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department