Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပေးအပ်ပွဲ အခမ်းအနား တက်ရောက်
Dec 10,2024
မကွေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှကော်မတီ၏ ပန်းခင်းစီမံချက် အဆင့်(၃) Final Phase အစီအမံအရ မကွေးမြို့နယ်အတွင်း အဆိုပါစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် ရပ်ကွက်ကျေးရွာအုပ်စုများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မကွေးမြို့၊ စုပေါင်းရုံးခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်ကွက်၊ ကျေးရွာမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ နင့် ဒေသခံပြည်သူများတက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ် အ.လ.က (ပိုရွာ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စောင်ပြပွဲ ကျင်းပ
Dec 10,2024
ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာ ဗဟုသုတ ရရှိစေရန်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိပြီး မူးယစ်ဆေးဝါးအန္တရာယ်မှကာကွယ်နိုင်ရန် ရည်ရွယ်၍ မူးယစ်ဆေးဝါး၏ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ပိုရွာ)တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရန် လူငယ်စကားဝိုင်း ကျင်းပ
Dec 10,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အ.ထ.က (ခွဲ)နိုင်လှုံကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၌ မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်ကာကွယ်ရန်နှင့် အရေးပေါ်အခြေအနေတွင် လွယ်ကူစွာ ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ယနေ့ နံနက် ၇ နာရီခွဲက မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်တွင် ပြည်သူများအား မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့ လူထုအခြေပြဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Dec 10,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲကို အလယ်တန်းအဆင့်ကျောင်းသား/သူများဖြင့် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့ရုံး (Community Centre) ခန်းမ၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
Dec 10,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် နွားများသေဆုံးမှုကို ပြန်လည်ဖြည့်ဆည်းရေးအတွက် တိရစ္ဆာန်နှင့်ဆေးများ ထောက်ပံ့
Dec 10,2024
ကရင်ပြည်နယ်အတွင်း ယခုနှစ် ဇူလိုင်လတွင်တစ်ကြိမ်၊ စက်တင်ဘာလတွင်တစ်ကြိမ် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေချောင်းရေကြီးခြင်းနှင့်အတူ ရေကြီးရေလျှံ သဘာဝဘေးဒဏ်ကြောင့် လူနှင့်တိရစ္ဆာန်များ ရေဘေးဒဏ်ခံစားခဲ့ရပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီက နွားများသေဆုံးမှုကို ပြန်လည်ဖြည့်ဆည်းရေးအတွက် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ တိရစ္ဆာန်နှင့် ဆေးများထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ် Community Centre ခန်းမ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Dec 10,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယနေ့နံနက် (၉း၃၀)နာရီက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6470
Page
6471
Page
6472
Page
6473
Current page
6474
Page
6475
Page
6476
Page
6477
Page
6478
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department