Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချောင်းသာမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်
May 25,2026
၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ် လက်ခံခြင်းများကို မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ် လက်ခံခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသူကျောင်းသားများ ပျော်ရွင်စွာဖြင့် ကျောင်းအပ်နှံလျက်ရှိ
May 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိအခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ၍ ကျောင်းအပ်လက်ခံလျက်ရှိရာ မိဘများမှ ကျောင်းသားကျောင်းသူများအား ပျော်ရွင်တက်ကြွစွာဖြင့် ယနေ့နံနက် ၉ နာရီမှစတင်၍ လာရောက်ကျောင်းအပ်နှံနေကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ပြည်သူ့ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်
May 25,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျန်းမာရေးကဏ္ဍာဖွံ့ဖြိုးရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် ပြည်သူ့ကျန်းမာရေးပြုစုစောင့်ရှောက်မှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းလှိုင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့တို့သည် မေလ ၂၄ ရက်နေ့က ဟမ်းငိုင်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
May 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သန့်ရှင်းရေးဝန်ထမ်းများ၏ ကျန်းမာရေးကောင်းမွန်စေရေးနှင့် လုပ်ငန်းခွင်အတွင်း ကျန်းမာရေးဆိုင်ရာ အန္တရာယ်များမှ ကာကွယ်နိုင်စေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းအပ်နှံရေးသာမက ကျောင်းထွက်သူပပျောက်ရေးကိုပါ အထူးအလေးထားဆောင်ရွက်သွားရန် ကရင်ပြည်နယ် ဝန်ကြီးချုပ်တိုက်တွန်း
May 25,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကရင်ပြည်နယ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၅ ရက်နေ့ နံနက် ၈ နာရီ က ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းအပ်နှံရေးသာမက ကျောင်းထွက်သူပပျောက်ရေးကိုပါ အထူးအလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 25,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းနှင့် ပြည်ထောင်စု/တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ရွှေဘိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံ
May 25,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၈၄)တွင် လမ်းညွှန်ချက်များနှင့်အညီ စတင်လက်ခံလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့် လုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ပေးသည…
May 25,2026
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ရခိုင်ပြည်နယ်အတွင်းရှိ ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အသိပညာပေးဆွေးနွေးပွဲနှင့် လုပ်ငန်းလိုင်စင်မှတ်ပုံတင် ဆောင်ရွက်ပေးခြင်း အခမ်းအနား တက်ရောက်ကြပြီး (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပို့စတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများကျောင်းအပ်နှံနေမှုနှင့် ရွေ့လျားဆေးခန်းဖွင့်လှစ်ပြီး ဆေးကုသပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
448
Page
449
Page
450
Page
451
Current page
452
Page
453
Page
454
Page
455
Page
456
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department