မိုင်းဖြတ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံ

မိုင်းဖြတ် မေ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၈၄)တွင် လမ်းညွှန်ချက်များနှင့်အညီ စတင်လက်ခံလျက်ရှိသည်။

ထိုကဲ့သို့ ကျောင်းအပ်လက်ခံရာတွင် ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ အတန်းအလိုက်သတ်မှတ်ထားသည့် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများကို(အခမဲ့) ထုတ်ပေးလျက်ရှိသည့်အပြင် အခကြေးငွေများ ကောက်ခံမှုမရှိကြောင်း သိရသည်။ ထို့အတူ ယနေ့ကျောင်းအပ်လက်ခံသည့် ပထမနေ့နံနက်ပိုင်းတွင် မူလတန်း(၈၄၁)ဦး၊ အလယ်တန်း(၁၉၅)ဦး၊ အထက်တန်း(၄၄)ဦး စုစုပေါင်း(၁၀၈၀)ဦးရှိကြောင်း သိရသည်။ မိုင်းဖြတ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၈၄)ကျောင်းတွင် ကျောင်းအပ်လက်ခံခြင်းကို ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေလ (၂၅)ရက်မှ မေလ(၃၁)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)