Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်မဲခရိုင်အတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ခရိုင်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်လှစ်
Jan 02,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူ နိုင်ရေးအတွက် ခရိုင်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျောက်မဲခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် ခရိုင်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်
Jan 02,2020
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် ခရိုင်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်း ခရိုင် သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ ခရိုင်အဆင့် သန်းခေါင် စာရင်းကော်မတီဝင်များ၊ မြို့နယ်အဆင့်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် သင်တန်း နည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုတန့်ရေထွက်မှ နမ့်စန်မြို့သို့ သောက်သုံးရေသွယ်တန်းယူနိုင်ရေးအတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့ ကွင်းဆင်းစစ်ဆေး
Jan 02,2020
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နေ ဒေသခံတိုင်းရင်းသားပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်ရန် ဟိုတန့်ရေထွက်မှ နမ့်စန်မြို့သို့ သောက်သုံးရေ သွယ်တန်းယူနိုင်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်တာဝန်ပေးချက်အရ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း ဦးဆောင်သည့် ကွင်းဆင်းစိစစ်ရေးအဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်း က နမ့်စန်မြို့နယ် စည်ပင်သာယာရေးဌာနတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ရေထွက်နှင့် ရေသွယ်တန်းယူမည့် လုပ်ငန်းနေရာများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း(၆)ခု အကောင်အထည်ဖော် ဆောင်ရွက်မည်
Jan 02,2020
မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း (၆)ခုအား တင်ဒါစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနား ကျင်းပ
Jan 02,2020
ကချင်ပြည်နယ်၊ မိုးမောက်မြို့ အ.မ.က မူလွန်(မံပုံ)ကျောင်းတွင် ယနေ့ နံနက်(၉)နာရီတွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အလျင်အမြန် တုံ့ပြန် ဆောင်ရွက်ရေး သိရှိနားလည် တတ်ကျွမ်းစေရန် ရည်ရွယ်၍ မိုးမောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနားကျင်းပရာ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမှိုင်းမြတ်ထွန်းက အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ထပ်ဆင့်အမှာစကားပြောကြားခြင်းတို့ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီရုံးသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 01,2020
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မင်္ဂလာရပ်ကွက်၌ အသစ်တည်ဆောက်ပြီးစီးသွားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါအဆောက်အဦရှေ့တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောတွင် နိုင်လွန်ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်
Jan 01,2020
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင်မြို့ရွာများခေတ်မီသန့်ရှင်းသာယာလှပရေးအတွက် (၂၀၁၉- ၂၀၂၀) ဘဏ္ဍာနှစ်အတွင်း မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကျိုက်မရောမြို့ တိုးဂိတ်ရှေ့မှစ၍ အတ္တရံမြစ်ကမ်းနားလမ်းထိ လမ်းအရှည် ၇ မိုင် ၅ ဖာလုံမှ ၉ မိုင် ၇ဖာလုံထိ နိုင်လွန်ကတ္တရာ(AC) လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု့ကို ယမန်နေ့ နံနက်မှစ၍ စတင် ဆောင်ရွက်လျက်ရှိရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်နှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်တို့က အဆိုပါလမ်းများအဆင့်မြှင့်တင်နေသည့် နေရာများသို့ လည့်လည် ကြည့်ရူ အားပေးပြီး မြို့တွင်လမ်းပိုင်းများ အဆင်မြှင့်တင်ရေးအတွက် လိုအပ်သည်များကို ဖြည့်စီးဆောင်ရွက်ပေးခဲ့ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ကျော်က ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သခွားမွှေးသီးနှံများ မူဆယ်ဈေးကွက်သို့ နေ့စဉ်ကားအစီးရေ(၄၀)ကျော် တင်ပို့
Jan 01,2020
ချောင်းဦးမြို့နယ်အတွင်း နိုင်ငံခြားဈေးကွက်ဝင် သခွားမွှေးသီးနှံများ မူဆယ်ဈေးကွက်သို့တစ်ရက်လျှင် ကားအစီးရေ(၄၀)ကျော် တင်ပို့ပေးနေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးလွင်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27290
Page
27291
Page
27292
Page
27293
Page
27294
Page
27295
Page
27296
Current page
27297
Page
27298
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department