Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဖြူးမြို့နယ် အဘိုးအဘွားများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး
Aug 19,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်(၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ ဖြူးဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းပြည်နယ်အဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်
Aug 19,2024
၂၀၂၄ခုနှစ် ၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ရာ ကယားပြည်နယ်အတွင်း ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောင်မြင်အောင်ကောက်ယူနိုင်ရန် ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ အဋ္ဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲ စာအောင်ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ
Aug 19,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် သံဃာတော်များ စုပေါင်း၍ ကြီးမှူးကျင်းပသည့် ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ အဋ္ဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲ စာအောင်ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက သီလဝခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ (၂၃)ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့(လက်ချည်)မင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Aug 19,2024
ကရင်တိုင်းရင်းသားလူမျိုးတို့၏ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်စူး) ပွဲတော်ကို ကရင်တိုင်းရင်းသားလူမျိုးများနေထိုင်ရာ နေရာဒေသအသီးသီးတွင် ဝါခေါင်လရောက်တိုင်း နှစ်စဉ်ဆင်ယင်ကျင်းပလေ့ရှိကြရာ ယနေ့နံနက်၈နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့ ကရင်အမျိုးသားထာဝရနှစ်သစ်ကူးကွင်းတွင် (၂၃)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ (လက်ချည်) မင်္ဂလာအခမ်းအနားကို အနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်မယ်လမုစေတီတော်၌ (၅၄)ကြိမ်မြောက် ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့ ကျင်းပ
Aug 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဆုတောင်းပြည့် မယ်လမုစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့အခမ်းနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်၌ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ပူဇော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်
Aug 19,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်မှုဖြင့် ဆရာ/ဆရာမများက ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး သန်ချဆေး တိုက်ကျွေးပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့မရဲစခန်း၌ ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့ အထင်ကရ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ ပဉ္စမအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပွဲ၊ စိန်ဖူးတော်၊ ငှက်…
Aug 19,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အထင်ကရ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး၏ ပဉ္စမအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပွဲ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ယနေ့နံနက် (၇) နာရီအချိန်က မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက် ကေလာသဖတောင်တော်ပေါ်ရှိ အဆိုပါဘုရားရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၁၄)ကြိမ်မြောက် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့်နေ့( မေတ္တာအခါတော်နေ့)အခမ်းအနားကျင်းပ
Aug 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင်ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ၁၃၈၆-ခုနှစ်၊ ဝါခေါင်လပြည်နေ့(မေတ္တာအခါတော်နေ့) နေ့ထူးနေ့မြတ်အခါသမယ၌ ရွှေဆံတော်စေတီဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ ကျင်းပသော (၁၄)ကြိမ်မြောက် ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့) မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ရွှေဆံတော်စေတီရင်ပြင် မြောက်ဘက်ရှိ ချစ်တီး၊ ဒေါ်ပုတန်ဆောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4334
Page
4335
Page
4336
Page
4337
Current page
4338
Page
4339
Page
4340
Page
4341
Page
4342
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department