အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ပြည်သူများ အသိပညာဗဟုသုတရရှိပြီး စာဖတ်သောအလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Dec 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ်၊ အားကစားခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်အလိုက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုတ်၊ ဘော်လီဘော၊ ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Dec 17,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာ‌ဖွေဖော်ထုတ်ခြင်းကို ယမန်နေ့နံနက်မှစတင်ကာ သထုံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Dec 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဖျာပုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။
Dec 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ‌ကလေးခရိုင်၊ ကလေးမြို့ ဘိုးဘွားရိပ်သာရှိအဖိုးအဖွားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးမှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ ဆရာဝန်များနှင့် သူနာပြုများက ကျန်းမာရေးစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 17,2024
စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာနအဖွဲ့အစည်းများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေစာရင်းများ စိစစ်ညှိနှိုင်းရေးအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 17,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ E-cigarette and Vape များ ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ရေတာရှည်၊ ဆွာ၊ သာဂရနှင့် မြို့လှမြို့တို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ တာဝန်ရှိသူများက ယမန်နေ့နေ့လယ် ၁ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Dec 17,2024
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ကျုံပျော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်အတွင်း မြို့နယ်များရှိ စိုက်ပျိုးဧကများတွင် စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်အတွင်းရှိ မြို့နယ်များတွင် တစ်နှစ်ပတ်လုံးဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံဧကများတွင် စိုက်ပျိုးရေလုံလောက်စွာရရှိရေး အချိန်မီဆောင်ရွက်သွားကြရန်၊ မြစ်ရေတင်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်" မှာကြားရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ အချိန်မီစိုက်ပျိုးပြီးစီးရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ရေရရှိရေးဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။