အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဓနုဖြူမြို့၊ ရပ်ကွက်၂၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄ အတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင် (၁၂)ဆိုင်တွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
Dec 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသည့် သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ သုံးထပ်ဓမ္မာရုံအသစ် ဆောက်လုပ်ရန်မြေအား မြေသန့်မင်္ဂလာအခမ်းအနားကို ယနေ့ညနေ ၄း၃၀ နာရီအချိန်က သုံးထပ်ဓမ္မာရုံ ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပခဲ့သည်။
Dec 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မြို့မဈေးကြီးတွင် ယမန်နေ့နံနက် (၉)နာရီအချိန်၌ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုနှင့်အတူ သရုပ်ပြဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Dec 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Dec 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ၊ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များနှင့် စံညီစာကြည့်တိုက်များ ရေရှည်ရှင်သန်တည်တံ့စေရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်၊ အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မြို့နယ်စာကြည့်တိုက်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
Dec 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန် အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
Dec 17,2024
မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်တွင် မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့်  ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကဒါရပ်ကွက်၊ မင်္ဂလာဈေး၌ ပြုလုပ်သည်။
Dec 17,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ၊အခြေခံပညာအထက်တန်းကျောင်းတွင် “ကျွန်ုပ်တို့ကလေးများ၏ အနာဂတ်လုံခြုံစိတ်ချနိုင်ရန် ကလေးလုပ်သားခိုင်းစေခြင်းကို အဆုံးသတ်ခြင်းဖြင့် စတင်လုပ်ဆောင်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/ကျောင်းသူများ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရေးအတွက် နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့၊ နေ့လည်(၁)နာရီက မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။