Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပြည်ကြီးတံခွန်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Dec 17,2024
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ ကွင်းအမှတ်(၅၆၈) မယ်တော်စုကွင်း၊ ဦးပိုင်အမှတ်(၆၈/၁)၌ ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၌ အခြေခံပညာမူလတန်းကျောင်းများတွင် ကလေးတီဘီရောဂါအကြောင်း အသိပညာပေးခြင်းနှင့် စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်
Dec 17,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကလေးငယ်များ ကလေးတီဘီရောဂါကင်းရှင်းရေးအတွက် အခြေခံပညာကျောင်းများတွင် ဖြူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့မှ စတင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မ(၂) အလယ်တန်းကျောင်းခွဲနှင့် စာရေးလမ်းကျောင်းမူလတန်းလွန်တို့တွင် ကလေးတီဘီရောဂါအကြောင်း အသိပညာပေးစစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Pfizer ထိုးနှံပေး
Dec 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်ရည်ရွယ်၍ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Germany နိုင်ငံထုတ် Pfizer ကာကွယ်ဆေးများကို အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သတ်မှတ်ထားသည့် နေရာအသီးသီးတို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်၌ အသိပညာဗဟုသုတရရှိစေရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Dec 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတ စဉ်ဆက်မပြတ် တိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၁) နာရီက ပန်းတနော်မြို့နယ် အရှေ့ပိုင်းရပ်ကွက်၊ အ.မ.က(၄)ကျောင်းသို့ သုတ/ရသ စာအုပ်စာစောင် မျိုးစုံယူဆောင်၍ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 17,2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)၏စီစဥ်မှုဖြင့် မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုခရိုင်၌ ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်
Dec 17,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကို နားလည်သိရှိ၍ ထိရောက်မှန်ကန်မြန်ဆန်စွာ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရုံးစာရေးသားနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့၌ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး
Dec 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပန်းတနော်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ မုန့်မျိုးစုံ အရောင်းဆိုင်(၇)ဆိုင်တွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အ.ထ.က(နတ်စင်ကုန်း)ကျောင်း၌ စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 17,2024
ပြန်ကြားရေးနှင့်ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(နတ်စင်ကုန်း)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4172
Page
4173
Page
4174
Page
4175
Current page
4176
Page
4177
Page
4178
Page
4179
Page
4180
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department