အမြို့မြို့အနယ်နယ်သတင်းများ

Dec 14,2024
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အ‌ခြေခံပညာစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတွင်း အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။
Dec 14,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းရှိ ဒူဝါခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာ‌ပေး‌ဟောပြောပွဲကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
Dec 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 14,2024
ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ပြပွဲ၊ ပြိုင်ပွဲများနှင့်အသိပညာပေး ဟောပြောပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 14,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ ဦးစီးကျင်းပသော မိုးစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို  ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်က သီးကုန်းကျေးရွာ  ဦးပိုင်အမှတ် ၁၉၀/၁၊ ကွင်းအမှတ် ၈၈၂ ရှိ တောင်သူ ဦးဖိုးထောင်၏ မိုးစပါး (YSR) စိုက်ဧက ၁.၅၈ ဧကတွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
Dec 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော် မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ပုညရှင်သာသ နာ့ဗိမာန်တော်ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော် ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။