ပုသိမ်ကြီး ဒီဇင်ဘာ ၁၄
ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ပြပွဲ၊ ပြိုင်ပွဲများနှင့်အသိပညာပေး ဟောပြောပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးဇင်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိဒေါ်ကြည်ကြည်နွဲ့က လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူးဒေါ်ဖြိုးမမက ကလေးအလုပ်သမားပပျောက်ရေးခေါင်းစဥ်တို့ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပါသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးဦးကျော်တေဇက ရှေးဦးမီးငြှိမ်းသတ်နည်းဖြစ်သည့် (ဖြုတ်၊ ကပ်၊ ညှစ်၊ သတ် ဆိုသည့်) မီးသတ်ဆေးဗူးအသုံးပြုနည်းအား အကျယ်တစ်ဝင့်ရှင်းလင်းဟောပြာခဲ့ပါသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများအား ဆက်လက်ကျင်းပဆောင်ရွက်ခဲ့ကြရာ အဆိုပါ ပြပွဲ၊ ပြိုင်ပွဲများနှင့်အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်