အမြို့မြို့အနယ်နယ်သတင်းများ

Dec 28,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှကြီးမှူး၍ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ခရစ်တော်မွေးနေ့ အထိမ်းအမှတ် ခရစ္စမတ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို နှစ်စဉ် ကျင်းပလေ့ရှိရာ ၂၀၂၄ ခုနှစ်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ ခရစ္စမတ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Dec 28,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲကို အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 28,2024
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မြတ်ဆရာပူဇော်ပွဲ  အခမ်းအနားကို ယနေ့နံနက်က အ.ထ.က ပေါင် ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 28,2024
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(ပထမပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၆၆လမ်း၊ ၁၉လမ်း(နန်းမြို့)ဦးထိပ်တံတားတွင် ကျင်းပပြုလုပ်သည်။
Dec 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် ပညာရေးမိသားစုငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄၊ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ထန်းတပင်)ကျောင်း၊ လှိုင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 28,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းရေးသွင်းနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Dec 28,2024
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာ ဗဟုသုတများကို ပြန်လည်အသုံးချ  မျှဝေနိုင်ရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 28,2024
ရပ်နှီးရပ်ဝေးမှ အများပြည်သူခရီးသွားဧည့်သည်များအစိုးရ ရုံးပိတ်ရက်ရှည်တွင် မိသားစုများဖြင့် လာ‌ရောက်အပန်းဖြေနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် ၂၀၂၅ ခုနှစ် နှစ်သစ်ကူးအထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို မောမြေဦးပန်းခြံ၌ ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အထိပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။