အိမ်မဲမြို့ အ.ထ.က (၂) ကျောင်းတွင် Grade-5/Grade-9 သင်ကြားမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကျင်းပ

အိမ်မဲ ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂)ကျောင်း ပညာ့ဗိမာန်ခန်းမတွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် Grade-5/Grade-9 သင်ကြားသင်ယူမှုထိရောက်ရေးအရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဒေါက်တာသန်းဌေး ကအဖွင့်အမှာစကားများကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်ဝင်း က ဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များကိုပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် Grade-5 ဆွေးနွေးပွဲ၌ နည်းပြ (၇၀)ဦး ၊ သင်တန်းသား (၁၀၅၃) ဦး၊ Grade- 9 ဆွေးနွေးပွဲ၌ နည်းပြ (၂၈) ဦး၊ သင်တန်းသား (၄၁၉) ဦးတို့က အ.ထ.က (၂) ကျောင်းတွင် (၂) ရက်ကြာဆွေးနွေး သွားမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီလ (၁၈) (၁၉) ရက်နေ့များတွင်လည်းဆွေးနွေးပွဲဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)