စစ်ကိုင်း အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည် ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ကောက်ယူခဲ့ကြသည်။
သန်းခေါင်းစာရင်းကောက်ယူရာတွင် လူဦးရေနှင့်အိမ်အကြောင်းအရာများ တိကျမှန်ကန်မှုရှိစေရန် စာရင်းစစ်၊ စာရင်းကောက်များက သန်းခေါင်စာရင်းပါ အချက်အလက်များကို ဘာသာရပ်တစ်ခုချင်းစီအလိုက် ဆွေးနွေးမှုများ၊ Tablet အသုံးပြု၍ လက်တွေ့ကောက်ယူမှု၊ CAPI ဖြင့် လက်တွေ့ကွင်းဆင်း ကောက်ယူမှုများကို ပြည့်စုံစွာဆောင်ရွက်ခဲ့ကြသည်။
သန်းခေါင်းစာရင်းကောက်ယူရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ အထောက်အကူပြု ကော်မတီများ၊ ခရိုင်/ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်