ရန်ကုန် အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည် လမ်းမတော်မြို့နယ်၊ အမှတ် ( ၁ )ရပ်ကွက်၊ (၄)လမ်း၊ တိုက်အမှတ်(၃၁၂/၃၁၈) အဆင့်မြင့် ကွန်ဒိုတွင် လက်တွေ့ကွင်းဆင်းကောက်ယူနေမှုများကို ယနေ့နံနက်ပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ကြသည်။
လက်တွေ့ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့်အိမ်အကြောင်းအရာများ မေးမြန်းကောက်ယူနေမှုများကို ကျောက်တံတားခရိုင်၊ ခရိုင်သန်းခေါင်းစာရင်းကော်မတီဥက္ကဋ္ဌ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာ၊ အဖွဲ့ဝင်(၂) ဦးစံကျော်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူ လမ်းမတော်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထက်မောင်ဝင်းမြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ လှည့်လည်အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို နိုင်ငံတကာအကူအညီမပါဘဲ မိမိတို့နိုင်ငံရဲ့ ဘဏ္ဍာငွေအရင်း အမြစ်စွမ်းအားဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကာ၊ CAPI နည်းပညာဖြင့် Tablet အသုံးပြုပြီး ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့်