Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တာချီလိတ်မြို့၌ ရေကြီးရေလျှံဖြစ်ပြီးနောက် ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်
Oct 14,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် သြဂုတ်လနှင် စက်တင်ဘာလအတွင်း မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် မြို့သာယာလှပရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို လမ်းညွှန်မှုဖြင့် နေ့စဥ် နေ့မအားညမနား အလှည့်ကျတာဝန်များခွဲ၍ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ မိုးစပါးဧက ခုနစ်သောင်းကျော် စိုက်ပျိုးထားရှိမှု ဖြစ်ထွန်းအောင်မြင်
Oct 14,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် မိုးစပါး (၇၃၅၁၄) ဧက စိုက်ပျိုးခဲ့ကြပြီး သဘာဝဘေးအန္တရာယ် လွတ်ကင်းခဲ့ကာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် ဆိုက်စမစ်တိုင်းတာရေးလုပ်ငန်းကြောင့် ပျက်စီးခဲ့သော သီးနှံများအတွက် လျော်ကြေး ပေးအပ်
Oct 14,2024
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်းစာသင်ဝိုင်း သင်ကြားနေမှုများအား တာဝန်ရှိသူများ ကြည့်ရှုအားပေး
Oct 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းများသင်ကြားနေမှုများအား ယမန်နေ့နံနက်ပိုင်းက စဉ်ဆက်ပညာရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စက်ချုပ်နည်းပညာသင်တန်း(မွမ်းမံ) ဖွင့်လှစ်
Oct 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်း(မွမ်းမံ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး
Oct 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်း ပွင့်လင်းရာသီတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများ၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့ မြို့မစျေးအတွင်း ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ…
Oct 14,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ ဒက္ခိဏစျေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း (Campaign) နှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇) နာရီက မြို့မစျေးအတွင်းရှိ စျေးသည်များကို ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးပေါ့ဆမှုမရှိစေရေး၊ မီးလောင်မှုလျော့နည်းပပျောက်စေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတွင် ပြည်သူများပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)ခွဲအချိန်က လမ်းမတော်လမ်းမကြီးနှင့် ရွှေတောင်စုမြို့ဝင်လမ်းဘေးရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3885
Page
3886
Page
3887
Page
3888
Current page
3889
Page
3890
Page
3891
Page
3892
Page
3893
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department