Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပျော်ဘွယ်မြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် သွင်းအားစုမျ…
Oct 14,2024
ပျော်ဘွယ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၉)နာရီက စပါယ်ကုန်းအုပ်စု၊ ပဲ့ကန်ကွင်းနှင့် ရန်အောင်အုပ်စု၊ ပင်းစုကွင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ်တွင် အိမ်ထောင်စု ၃၅၇၈ စု သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူပြီးစီး
Oct 14,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့်စားရင်းစစ်၊ စားရင်းကောက်များက မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းကို အောက်တိုဘာ(၁)ရက်နေ့မှ စတင်ပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ အိမ်ထောင်စု(၃၅၇၈) စုအား သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)တို့တွင် အခြေခံစားသောက်ကုန်ပစ္စည…
Oct 14,2024
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေမှုအပေါ်ကြည့်ရှု အားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ပတ်လမ်းသစ်အဆင့်မြှင့်တင် ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး
Oct 14,2024
ကရင်ပြည်နယ်၊ ဘားအံမြို့တွင်းရပ်ကွက်များဖြစ်သော အမှတ်(၄၊၆၊၇)ရပ်ကွက်များကို ချိတ်ဆက်ထားသည့် ဘားအံမြို့ပတ်လမ်းသစ်အား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဖောက်လုပ်အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Oct 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် (၉) နာရီက မြို့ပေါ်ရပ်ကွက်များရှိ အဆောက်အဦများ၊ လူနေအိမ်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ ခရိုင်အတွင်းလုပ်ငန်းရှင်များအား အသိပညာပေး ရှင်းလင်းခြင်းအခမ်းအနား ကျင်းပ
Oct 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်နှင့်မြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ ဟင်္သာတခရိုင်အတွင်းရှိ လုပ်ငန်းရှင်များအား အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မုန့်လုပ်နည်းသင်တန်း ဖွင့်လှစ်
Oct 14,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မုန့်လုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ နွားမေထုန်မဲ့သားစပ်သင်တန်း ဖွင့်လှစ်
Oct 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နွားမေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3884
Page
3885
Page
3886
Page
3887
Current page
3888
Page
3889
Page
3890
Page
3891
Page
3892
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department