Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မင်းဘူးမြို့ ရှင်ပင်ချမ်းသာကြီး စေတီတော်မြတ်ကြီးတွင် ဆွမ်းတော်ကြီးတင် ဆွမ်းပေါင်း၊ ဆွမ်းလောင်းပွဲများ ကျင်းပမည်
Oct 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ် (၃) ရပ်ကွက်ရှိ ရှင်ပင်ချမ်းသာကြီး စေတီတော်မြတ်ကြီးတွင် ဆွမ်းတော်ကြီးတင် ဆွမ်းပေါင်း၊ ဆွမ်းလောင်းပွဲများကို သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ချမ်းသာကြီးပရဟိတအဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း (၉၉.၁) ရာခိုင်နှုန်း ကောက်ယူပြီးစီး
Oct 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုတို့၌ စာရင်းကောက် စာရင်းစစ်အဖွဲ့များက အောက်တိုဘာ(၁)ရက်မှစတင်၍ စာရင်းကောက်ယူခဲ့ကြရာ ယနေ့နံနက်ပိုင်းတွင် နောက်ဆုံးစာရင်းကောက်ယူရန်ကျန်ရှိသည့် မုန်းဒါးကျေးရွာအုပ်စုရှိ မုန်းဒါးကြီးကျေးရွာ၊ မုန်းဒါလေးကျေးရွာ၊ ဂျင်းရဲကျေးရွာနှင့် မတောင့်တကျေးရွာတို့၌ ဆက်လက်ကောက်ယူလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် (၃၃)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မျက်မမြင်လမ်းလျှောက်တုတ်နေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ
Oct 15,2024
စစ်ကိုင်းမြို့တွင် (၃၃)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မျက်မမြင်လမ်းလျှောက်တုတ်နေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမရပူရမြို့တွင် သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့လျရေးနေ့ အထိမ်းအမှတ်နေ့ အခမ်းအနားကျင်းပ
Oct 15,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အိုးတော်ရပ်ကွက်အိုးတော်မူလွန်ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က အမရပူရမြို့နယ် ကဿ်ခြေနီအသင်းခွဲမှကြီးမှူး၍ အောက်တို ဘာလ၁၃ ရက်နေ့တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Reduction-13rd October. 2024) အထိမ်းအမှတ်နေ့အခမ်းအနားကိုကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ မြန်မာ့ရိုးရာသီတင်းကျွတ်မီးပုံးများ အရောင်းအဝယ်သွက်လျက်ရှိ
Oct 15,2024
မြန်မာသက္ကရာဇ် ၁၃၈၆ခု သီတင်းကျွတ်မီးထွန်းပွဲတော်ရောက်ရှိလာမည်ဖြစ်သည်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိနေအိမ်အများစုမှာ သီတင်းကျွတ်ကာလတွင် ရောင်စုံမီးပုံးများကိုအလှဆင်ချိတ်ဆွဲကာ ဆီမီးထွန်းပူဇော်ကြသလို ကလေးငယ်များအနေဖြင့်လည်း မီးပုံးလက်တွန်းလှည်းကလေးများဖြင့် ဆော့ကစားတတ်ခြင်းတို့ကြောင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် မီးပုံးပြုလုပ်ရောင်းချသူများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ် ပြလို့မြို့ မုဒြာစာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်လှစ်
Oct 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြလို့မြို့ မုဒြာစာကြည့် တိုက်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြလို့မြို့ အမှတ် (၃) ရပ်ကွက်တွင်ပြုလုပ်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးရာသီစိုက်ပျိုးသော အစေ့ထုတ်ပြောင်း ၁၅၀၁၂ ဧက ရိတ်သိမ်းပြီးစီး
Oct 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်း အဓိက စိုက်ပျိုးဖြစ်ပြီး ယခုနှစ် မိုးရာသီစိုက်ပျိုးသော အစေ့ထုတ်ပြောင်း ၁၅၀၁၂ ဧက ရိတ်သိမ်းပြီး ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ်အတွင်း ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုများကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရ…
Oct 15,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်း ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူလျက်ရှိသည့် မဲကင်းကုန်းကျေးရွာအုပ်စု၊ ဇီးချိုကုန်းကျေးရွာအုပ်စုနှင့် ရှင်တော်ကုန်းကျေးရွာအုပ်စုရှိ မင်္ဂလာရန်ကင်း ပြည်သူအငှားအိမ်ရာသို့ ယမန်နေ့မွန်းလွဲပိုင်းက အောင်မြေသာစံခရိုင် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အတွင်းရေးမှူး ဦးသန်းထွန်းအောင်၊ အဖွဲ့ဝင် ၂ ဦးတင်မောင်ဝင်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဝေယံမင်း၊ အတွင်းရေးမှူး ဦးကျော်မင်းထွန်းနှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စာရင်းစစ်/ စာရင်းကောက်များ တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3881
Page
3882
Page
3883
Page
3884
Current page
3885
Page
3886
Page
3887
Page
3888
Page
3889
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department