Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စေတုတ္တရာမြို့နယ်၌ (၃၄) ကြိမ်မြောက် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Oct 18,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် သီတင်းကျွတ်လပြည့် ၁၇ ရက်နေ့၌ ပုရိမာဝါမှကျွတ်လွတ်ထမြောက်ကြကုန်သော ဆရာတော်သံဃာတော်တို့ နှစ်စဉ်ကျင်းပဆောင်ရွက်မြဲဖြစ်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲပိုင်း ၂ နာရီအချိန်က မြို့လယ်ဓမ္မာရုံမှ စတင်ကာ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များအား စုရပ်ပြုလုပ်၍ မြို့လယ်ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် စည်ကားသိုက်မြိုက်စွာဖြင့် သံဃာဒါနဆွမ်းဆန်စိမ်းအလှုတော်ကို လောင်းလှူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သီတင်ကျွတ်လပြည့်နေ ဘုရားဖူး လေးသိန်းကျော် ဝင်ရောက်
Oct 18,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ များပြားလျက်ရှိရာ အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင်လုံး ဘုရားဖူးလာသူများဖြင့် စည်ကားများပြားလျက်ရှိကာ နေ့ချင်းပြန် ဘုရားဖူးများနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် တည်းကာဝင်ရောက်လာသည့် ဘုရားဖူးခရီးသွားများ များပြားလျှက်ရှိကာ ယနေ့တစ်ရက်တည်းတွင်ပင် လေးသိန်းကျော် လာရောက်ဖူးမြော်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲတာဝန်ရှိသူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေမြင်းဝန်စေတီတော်မြတ်ကြီးတွင် စုပေါင်းဆွမ်းတော်ကြီး ကပ်လှူပူဇော်
Oct 18,2024
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေမြင်းဝန် စေတီတော်မြတ်ကြီးအား စုပေါင်းဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၆ နာရီက အဆိုပါစေတီတော်မြတ်ကြီး မြောက်ဘက်မုဒ်၊ မဟာမြတ်မုနိရုပ်ပွားတော်ဝတ်အတွင်း ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့လုံးကျွတ် သံဃာ့မဟာပဝါရဏာပွဲတော်နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲပြုလုပ်
Oct 18,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့လုံးကျွတ် သံဃာ့မဟာပဝါရဏာပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က လေးထပ်ဘုန်းတော်ကြီးကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့၌ သီတင်းကျွတ်လပြည့်နေ့တွင် (၇၆) ကြိမ်မြောက် ပဝါရဏာပွဲ ကျင်းပ
Oct 18,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် (၇၆) ကြိမ်မြောက် ပဝါရဏာပွဲကို ငဖဲမြို့ ကျောင်းတွင်းရပ်ကွက် ကုန်းမြင့်ရတနာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော် (၇၅)ပါးနှင့် မြို့ပေါ်ရပ်ကွက်များမှ ယုဝတီဝတ်အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ် မုရစ်ကြီးကျေးရွာ၌ စုပေါင်းဘုံကထိန် လှည့်လည်ပူဇော်ပွဲ လာရောက်ကြည့်ရှုသူများဖြင့် စည်ကား
Oct 18,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုရစ်ကြီးကျေးရွာတွင် ရှေးနှစ်ပေါင်းများစွာကတည်းက ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပခဲ့သည့် ရွာလုံးကျွတ် စုပေါင်းဘုံကထိန် လှည့်လည်ပူဇော်ပွဲကို ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် ယမန်နေ့နေ့လယ်မှ ညနေအထိ မုရစ်ကြီးကျေးရွာတွင် ပဒေသာပင်များအား လှည့်လည်ပူဇော်ခဲ့ရာ ရပ်ဝေးရပ်နီးမှ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့၌ (၃၂) ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့မဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်များ စုပေါင်းလောင်းလှူပွဲ ကျင်းပပြုလုပ်
Oct 18,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများ ကြီးမှူး၍ ကျောင်းတိုက်အသီးသီးတို့မှ ဂိုဏ်းပေါင်းစုံ သံဃာတော်များ သံဃာ့မဟာပဝါရဏာပြုပွဲနှင့် ပဝါရဏာပြုသံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ စုပေါင်းလောင်းလှူခြင်းကို သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) မွန်းလွဲပိုင်းက လေးဆူဓာတ်စံရွှေစာရံစေတီတော် တောင်ဖက်မုခ်အနီးရှိ ကလျာဏီသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ ဆုတောင်းပြည့်စေတီတော်မြတ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အန…
Oct 18,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းဝန်းအတွင်းရှိ စေတီတော်ကြီး ပရဝုဏ်အတွင်းကျင်းပရာ အခမ်းအနားသို့ ပင့်သံဃာ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိတက္ကသိုလ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့်အလှူရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3867
Page
3868
Page
3869
Page
3870
Current page
3871
Page
3872
Page
3873
Page
3874
Page
3875
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department