Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြစ်ကြီးနားမြို့ ရှမ်းမျိုးနွယ်စုများဓမ္မာရုံ၌ ကျန်းမာရေး၊ အမျိုးသမီးများဘဝဖွံ့ဖြိုးရေးအတွက် အသိပညာပေးဟောပြော
May 31,2026
ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ဦးဆောင်၍ သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာ၊ လူကုန်ကူးမှုအကြောင်း သိကောင်းစရာများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ဆိုင်ရာတို့ကို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့၊ ခေမာသီရီရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများဓမ္မာရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ သဘာဝတောများမှ ထင်းအစားထိုး စွမ်းအားမြှင့်မီးဖိုများ တိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ် လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွ…
May 31,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သဘာဝတောများမှ ထင်းအစားထိုး စွမ်းအားမြှင့်မီးဖိုများ တိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ် လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဇင်းကျိုက်မြို့၊ ဆားဖိုစုရပ်ကွက် ဓမ္မာရုံ၌ ပြုလုပ်ခဲ့ရာ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးနှင့် ဝန်ထမ်းများ၊ ဆားဖိုစုရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 31,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သည့် အထူးကုဆရာဝန်များပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် မေလ(၂၉)ရက်နေ့က ပုခန်းကျောင်းတိုက်ရှိ ဓမ္မာရုံတွင် ရဟန်းရှင်လူပြည်သူများအား ကျန်းမာ ရေးဆောင်ရှောက်မှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ဇေရန်အောင်စေတီတော်၌ ကျင်းပသည့် တတိယအကြိမ် မဟာသမယအခါတော်နေ့ အခမ်းအနားနှင့် သံဃဒါနဆွမ်းသပိတ်၊ ဆွမ်းဆန်တော် လောင်းလှူပူဇေ…
May 31,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ တတိယအကြိမ်မြောက် နယုန်လပြည့် မဟာသမယအခါတော်နေ့အခမ်းအနားနှင့် သံဃဒါနဆွမ်းသပိတ်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားများကို အောင်ဇေရန်အောင်ဘုရား ပုရဝဏ်၌ ယမန်နေ့ နံနက် ၇ နာရီခွဲက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 31,2026
နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကြစို့ ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရန်၊ ဂေဟစနစ်တည်ငြိမ်မှုအား အထောက်အကူပြုစေရန်၊ ပြည်သူလူထုမှ သစ်ပင်စိုက်ပျိုးလိုစိတ်ဖြစ်ပေါ်လာပြီး သစ်တောသစ်ပင်များကို ချစ်ခင်တန်ဖိုးထားတတ်စေရန်နှင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ပုတီးကုန်း) ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့တွင် (၂၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများ က…
May 31,2026
ကရင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ကျင်းပသော (၂၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့၊ လူငယ်စင်တာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် ဇရပ်လှတိုက်နယ်ဆေးရုံတွင် ပြည်မြို့အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသပေး
May 31,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဇရပ်လှတိုက်နယ်ဆေးရုံတွင် ပြည်မြို့ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ညွှန်ကြားရေးမှူး (ဒုတိယဆေးရုံအုပ်ကြီး-တာဝန်ခံ) ဒေါက်တာကေသီဝင်းမောင် ခေါင်းဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ် (ဂ)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေး
May 31,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓမီးသတ်တပ်ဖွဲ့ဝင် ရှစ်ဦး၊ အရန် ၂၀ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းကစတင်၍ (ဂ)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
368
Page
369
Page
370
Page
371
Current page
372
Page
373
Page
374
Page
375
Page
376
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department