Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ သထုံတွင် ပြုလုပ်
Feb 27,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ၂၀၁၉ ခုနှစ်တွင် ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆန်းစစ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်က သထုံခရိုင် ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေး အသိပညာပေးဆွေးနွေး
Feb 27,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် World Vision အဖွဲ့တို့ ပူးပေါင်း၍ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မာရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ရွေဂွန်းကျေးရွာ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၊ မြို့မစျေးရှေ့တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြခြင်း ဆောင်ရွက်
Feb 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြို့မစျေးရှေ့တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်စည်ပင်သာယာ ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြခြင်းအား ယနေ့နံနက် (၁၁) နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင် ကိုယ်ပိုင်ကျေးလက်ဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Feb 27,2020
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်ရာ မတော်တဆ မီးလောင်မှု မရှိစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကိုယ်ပိုင် ကျေးလက်ဈေးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာနနှင့် ဆိုက်ခေါင် ဈေးကော်မတီတို့ ပူးပေါင်း၍ ဈေးမီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပင်၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ နယ်လှည့်စာကြည့်တိုက်နှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြော
Feb 27,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မူလွန်−မြစံပယ်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက်နှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးရေးဌာနမှ ရိခေါ်ဒါရ်မြို့တောင်သူများထံ ဝဥမျိုးစေ့ အခမဲ့ဖြန့်ဝေပေး
Feb 27,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ရိခေါ်ဒါရ်မြို့ဒေသ စိုက်ပျိုးရေး ထုတ်ကုန် ပိုမိုဖွံ့ဖြိုးမြှင့်တင်နိုင်ရေးနှင့် တောင်သူဦးကြီးများ စိုက်ပျိုးရေးလုပ်ငန်းဖြင့် မိသားစု ဝင်ငွေ ပိုမိုတိုးပွားစေရေးအတွက် တောင်သူဦးကြီးများထံ ဝဥမျိုးစေ့များ အခမဲ့ ဖြန့်ဝေပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ(၂၅)ရက်နေ့ စိုက်ပျိုးရေးဦးစီးဌာနရုံးခန်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့နယ်ရှိ ကျေးရွာများသို့ ကျန်းမာရေးလုပ်ငန်းများ ကူညီဆောင်ရွက်နိုင်ရန်အတွက် ဘက်စုံစေတနာ့ဝန်ထမ်းများအား ဖြန့်ခွဲစေလွှတ်သွားမည်
Feb 27,2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်းပြီး ACCESS TO HEALTH FUND အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် “ဒေသစွမ်းအားဖြင့် သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမှီ ရရှိရေး စီမံချက်” Reaching Equitable Access To Health Through Local – empowerment (REAL) Project ၏ ဘက်စုံစေတနာ့ ဝန်ထမ်း(ICMV) မွမ်းမံသင်တန်းကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကသာပြည်သူ့ဆေးရုံကြီးတွင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများက သင်ကြားပို့ချခဲ့ရာ အဆိုပါသင်တန်းမှာ တက်ရောက်သော ဘက်စုံစေတနာ့ဝန်ထမ်း များအား ကသာမြို့နယ်ရှိ ကျေးရွာများသို့ ကျန်းမာရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် ဖြန့်ခွဲစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ် စာစောင်များ ငှါးရမ်းပေးပြီး ဟောပြောပွဲများ ဆောင်ရွက်ပ…
Feb 27,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ် ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေးစခန်း(ဘားအံ)ရှိ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည် ထူထောင်ရေး(၁/၂၀၂၀)သင်တန်းမှ သင်တန်းသားများအား စိတ်ဓါတ်ခွန်အားရရှိစေရေး အသိပညာဗဟုသုတများ ရရှိ စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်စေရေး အတွက်ရည်ရွယ်ပြီး ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှါးရမ်းပေးပြီးအသိပညာပေး ဟောပြောခြင်းများကို ဖေဖော်ဝါရီလ(၂၆)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါ ဘားအံစက်မှုဇုန်အနီးရှိ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည် ထူထောင်ရေးစခန်းသို့ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30480
Page
30481
Page
30482
Page
30483
Current page
30484
Page
30485
Page
30486
Page
30487
Page
30488
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department