ဖာပွန် မတ် ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာများ ဖွံ့ဖြိုးရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၁)နာရီ အချိန်က ခရိုင်(ပြန်/ဆက်)ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ဖာပွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ဂရေစီဝင်းက မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ရပ်ကွက်(၁)နှင့် ရပ်ကွက် (၃) အတွက် ငွေကျပ် သိန်းပေါင်း(၃၆၆)သိန်းကို ရပ်ကွက်ဖွံ့ဖြိုးရေး ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဘဏ္ဍာရေး ဆပ်ကော်မတီများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက တစ်ဦးချင်းထံသို့ ပြန်လည် ထုတ်ပေး ခဲ့ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်ဆက်)