Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘီးလင်းမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 17,2020
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဘီးလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (CERP) အထောက်အပံ့အရ မိုးစပါး မျိုးစေ့ထုတ် တောင်သူများသို့ ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ဇွဲကလာကျေးရွာ တောင်သူ ဦးဌေးနိုင်၏ကွင်းအမှတ် ၂၆၃ ၌ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်၌ မြစ်ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၁၂)လုံးအတွက် ထောက်ပံ့ငွေ ပေးအပ်
Aug 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျွဲဒုံးကျေးရွာအုပ်စု ကျွဲသောင်ကျေးရွာ၊ မီးသွေးချောင်းကျေးရွာအုပ်စု သောင်တန်းကျေးရွာတို့၌ တိုးမြစ်ရေနှင့် ရာဇူတိုင်မြစ်ရေ တိုးမြင့်လာမှုကြောင့် မြစ်ကမ်းပါးခိုင်ခန့်မှု အားနည်းသဖြင့် မြစ်ကမ်းနှင့်နီးစပ်သည့် ကမ်းပြိုဘေးအန္တရာယ်ကြောင့် နေအိမ်(၁၂)လုံး၊ အိမ်ထောင်စု (၁၂)စု လူဦးရေ(၄၈)ဦးအား ယနေ့နံနက် ၁၁ နာရီက မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၇၀၃)စုအတွက် နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ငွေကျပ် (၃၄၀၆၀၀၀၀)ကျပ် ထောက်ပံ့…
Aug 17,2020
နမ္မတူမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၇၀၃)စုအတွက် နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ငွေကျပ် (၃၄၀၆၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် အိမ်တိုင်ရာရောက် ထောက်ပံ့ ငွေပေးအပ်
Aug 17,2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေ စေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ဟိုပုံးမြို့နယ်တွင် အခြေခံ လူတန်းစားများအား နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ်ထောက်ပံ့ သည့် ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၀ နာရီ အချိန်မှစတင်၍ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုနေခြင်းကြောင့် အန္တရာယ်ရှိနေအိမ်အားရွှေ့ပြောင်း
Aug 17,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံနယ်မြေ၊ တောင်ရွာနောင်အုပ်စု၊ အောင်ဇေယျာလင်းကျေးရွာ ဧရာဝတီမြစ်ရေတိုက်စားမြစ်ကမ်းပါးပြိုကျ နေခြင်းကြောင့် လူနေအိမ်အား ညောင်ဦးခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းမှစတင်ကာ ကူညီရွှေ့ပြောင်းပေးနေကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်း
Aug 17,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ကျင်းပပြုလုပ်သွားနိုင်ရန်အတွက် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးကော်မတီကို ယနေ့နေ့လယ် (၁)နာရီက မိုင်းရယ် မြို့နယ် ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့၊ ပဒေသာလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရ၏ အထွေထွေပိုလျှံ ရန်ပုံငွေဖြင့် ကွန်ကရစ် လမ်းခင်းခြင်း ဆောင်ရွက်
Aug 17,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရ၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ပဒေသာလမ်းကို ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာ၌ နယ်လှည့်စာကြည့်တိုက်၊ တိုင်းရင်းဆေးကုသခြင်းများ ကွင်းဆင်းဆောင်ရွက်
Aug 17,2020
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ထုံးရေပေါက်ကျေးရွာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ၁၆ ကုတင်ဆံ့တိုင်းရင်းဆေးရုံတို့က ယနေ့နံနက် ၁၀ နာရီတွင် နယ်လှည့် စာကြည့်တိုက်၊ တိုင်းရင်းဆေးကုသခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29931
Page
29932
Page
29933
Page
29934
Current page
29935
Page
29936
Page
29937
Page
29938
Page
29939
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department