အမြို့မြို့အနယ်နယ်သတင်းများ

Aug 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် သဖန်းဆိပ်ကျေးရွာတွင် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းရန်ပုံငွေဖြင့် ရွာတွင်းလမ်း ဂျင်းမြေခင်းခြင်းနှင့် ရေပြွန်ထည့်ခြင်းလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအပြင် ကျေးရွာပြည်သူများ၏ အလုပ်အကိုင်အခွင့်အလန်းများရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Aug 04,2020
နေပြည်တော်ကောင်စီ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
Aug 04,2020
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊စက်မှုလယ်ယာဦးစီးဌာနသည် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု((CERP)အစီအစဉ်အရ ကောက်စိုက်စက်ဖြင့် မိုးစပါးများ စိုက်ပျိုးပေးခြင်းနှင့်ဒေသခံ တောင်သူများ အား တွေ့ဆုံဆွေးနွေးခြင်း ကို မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ဂျိုရွာကျေးရွာ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
Aug 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ်တွင် လူငယ်များ အတွက် ဒီမိုကရေစီ နိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေး သင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က အခြေခံပညာ မူလတန်း(လွန်)ကျောင်း၊လုံပုရပ်ကွက်၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 04,2020
ယခုကာလသည် သနဝါးပင်ရှိ သနမျှစ်များ လှိုင်လှိုင်ပေါ်ချိန်ဖြစ်ပါသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဒေသထွက် သနမျှစ်(နော်လိန်း)ကို လူကြိုက်များပြီး စျေးကောင်းရရှိနေသည်။
Aug 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေစွာ ရောင်းဝယ် နိုင်စေရန် ရည်ရွယ်၍ ဘိုကုန်းဈေးရုံသစ်အပိုင်း(၂) တည်ဆောက်နေမှုနှင့် သန့်စင်ခန်း ဆောက်လုပ်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခြင်း ကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။
Aug 04,2020
ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်ဦးဆောင်သော မြို့နယ် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီမှ သြဂုတ်လ ၄ ရက်နေ့ နံနက် (၈) နာရီခွဲခန့်က ပုလောမြို့နယ်ရှိ ကမ်းနီးငါးဖမ်းလှေများ၊ ရေယာဉ်များအားလုံး ထွက်ခွာခြင်းမပြုရန် လှေဆိပ်များသို့ ကွင်းဆင်း၍ ရေလုပ်သားများကို သတိပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
Aug 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့၊ ကချင်ရိုးရာမနောကွင်းခန်းမတွင် ယမန်နေ့ နေ့လယ် (၁)နာရီခွဲအချိန်တွင် မူဆယ်ခရိုင်အတွင်းရှိ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် လူမှုရေး အသင်းများ ပထမအကြိမ်တွေ့ဆုံခဲ့ကြသည်။