နေပြည်တော်ကောင်စီ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ

 

နေပြည်တော် ဩဂုတ်  ၅

နေပြည်တော်ကောင်စီ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ နေပြည်တော် ကောင်စီ ဝင် ဦးအောင်မြင်ထွန်း က အဖွင့်အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း ကလေးသူငယ်အခွင့် အရေးများဆိုင်ရာလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကော်မတီဝင်များနှင့် လူမှုရေး အသင်း အဖွဲ့များ အားလုံး ပူးပေါင်း၍ ပြည်သူလူထုအတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင် များဖြန့်ဝေခြင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ခရိုင်/မြို့နယ်အဆင့်ဆင့်အထိ ကြိုတင် စီမံချက်များ ရေးဆွဲပြီး ရည်မှန်းချက်ထားရှိ အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဇော်မိုး က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေး နှင့် နေပြည်တော်ကောင်စီ ကလေး သူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့် အခြေအ နေများနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးကြရာ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း က ဌာနဆိုင်ရာများနှင့် NGO အဖွဲအစည်းများ ပူးပေါင်းဆောင်ရွက်သွားရမည့်အခြေအနေများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)