ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်အရ ကောက်စိုက်စက်များဖြင့် မိုးစပါးများ ကူညီစိုက်ပျိုးပေး

 

အမရပူရ ဩဂုတ် ၄

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊စက်မှုလယ်ယာဦးစီးဌာနသည် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု((CERP) အစီအစဉ်အရ ကောက်စိုက်စက်ဖြင့် မိုးစပါးများ စိုက်ပျိုးပေးခြင်းနှင့်ဒေသခံ တောင်သူများ အား တွေ့ဆုံဆွေးနွေးခြင်းကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဂျိုရွာကျေးရွာ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ထို့သို့ဆောင်ရွက်ရာတွင် စက်မှုလယ်ယာဦးစီးဌာန မှ ညွှန်ကြားရေးမှူးဦးအောင်ကျော်ကျော်၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးဆန်းအောင်၊ခရိုင်ဦးစီးမှူးဦးသိန်းထွန်းစံနှင့်မြို့နယ်ဦးစီးမှူး ဦးအောင်ခန့်ကျော်နှင့် တာဝန်ရှိသူများ သည် ဒေသခံတောင်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုသမှု CERP အစီအစဉ်အရ ဆောင်ရွက်ပေးမည့် အခြေ အနေများ အား ရှင်းလင်းပြောကြားပြီး ဂျိုရွာကျေးရွာ မှ ဒေသခံတောင်သူ ဦးညွန့်စိန်၏ အကွက်အမှတ် (၅၇၀/ခ) တွင် မိုးစပါးများ စိုက်ပျိုးနေမှုများ လှည့်လည်ကြည့်ရူအားပေးခဲ့ကြသည်။

အမရပူရမြို့နယ်အတွင်းရှိ စနစ်တကျ ဖော်ဆောင်ထားသည့် စက်မှုလယ်ယာမြေများဖြစ်သော တမုတ်ဆိုး ကျေးရွာ မှ ဧက(၁၀၀)၊ဒေါင်းရွေးကျေးရွာမှ ဧက(၂၀၀)နှင့်ဂျိုရွာကျေးရွာ မှ ဧက(၁၅၀) တို့ကို အမှတ်(၆၃) စက်မှု လယ်ယာ ဦးစီးဌာန မှ ကိုဗစ်-၁၉ စီးပွားရေးကုသမှု (CERP)အစီအစဉ် အရ တောင်သူများ၏ အကျိုး စီးပွား ထိခိုက်မှု လျော့နည်းစေရန်နှင့် မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရန်အတွက် မျိုးစပါးများ ထောက်ပံ့ပေးခြင်း၊ ထွန်ယက်ရေး လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရန်အတွက် ပျိုးထောင်ခြင်း နည်းလမ်းများ မျှဝေဆောင်ရွက်ခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေး လျက်ရှိ ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)