အမြို့မြို့အနယ်နယ်သတင်းများ

Aug 05,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ပညာဖွံ့ဖြိုးတိုးတက် စေရန် အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်မှစ၍ ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မိုးတွင်းကာလရေစီးရေလာ ကောင်းမွန် စေရန်၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် အုတ်စီရေမြောင်း များ ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့သည်။
Aug 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ဦးအား မီးလောင်ပြင်သုံးနှင့် ရှာဖွေ ကယ်ဆယ်ရေးသုံး တူညီဝတ်စုံများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ် ခဲ့သည်။
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် COVID-19ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ