တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းများသို့ နှာခေါင်း စည်း (Mask)များ လှူဒါန်း

ရန်ကုန် ဩဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် COVID-19ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ နှာခေါင်းစည်း(Mask)များကို အခြေခံပညာ အထက်တန်းကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၁၀)နာရီ အချိန်က လှူဒါန်းခဲ့ကြောင်းသိရသည်။

တောင်ဥက္ကလာပမြို့နယ် COVID-19ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် တာဝန်ရှိသူများမှ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြန်လည် လျှော်ဖွတ် အသုံးပြုနိုင်သော နှာခေါင်းစည်း (Mask) များကို မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်း(၅)ကျောင်း သို့ သွားရောက် လှူဒါန်း ခဲ့သည်။

အဆိုပါ လှူဒါန်းသောနှာခေါင်းစည်း(Mask)များကို အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းအုပ် ဆရာမကြီးများက လက်ခံရယူခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအသုံးပြုရန် ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်းထက်ထက်အောင်