အမြို့မြို့အနယ်နယ်သတင်းများ

Jul 07,2021
မိတ္ထီလာမြို့နယ်တွင် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ကျောင်း(၁၈)ကျောင်း နှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောင်း(၅)ကျောင်း တို့ကို တင်ဒါအောင်မြင်သည့်ကုမ္ပဏီများက တာဝန်ယူ၍ ဇန်နဝါရီလ တတိယပတ်မှ စတင်၍ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
Jul 07,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများပြားပြီး Stay at Home အစီအစဉ်တွင် ပါဝင်ခြင်းကြောင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူအဖွဲ့နှင့် ရပ်ကွက်လူငယ် အဖွဲ့အစည်းများ၊ Volunteer များပူးပေါင်းပြီး ရပ်ကွက်အတွင်း အပြင်ထွက်သွားလာသူမရှိစေရေး ကြပ်မတ်ကန့်သတ်ခြင်းကို ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ ရပ်ကွက်အစီအစဉ်ဖြင့် Semi Lockdown ချထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ဒေသတွင်နေထိုင်သည့်ပြည်သူများ ကိုဗစ် - ၁၉ ကူးစက်မြန် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးရုံးမှ စာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရန် အသံချဲ့စက်ဖြင့် မြို့အတွင်း၌ လှည့်လည်ပြီး အသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 07,2021
မတ္တရာမြို့နယ်၌ ရောဂါပိုးရှိသူများနှင့် ထိစပ်သူ များ၊အနံ့ပျောက်နေသူများနှင့် နေရပ်ပြန်လာသူများ စုစုပေါင်း ၉၀ ဦးအား ယနေ့ နံနက် ၇နာရီက မတ္တရာပြည်သူ့ဆေးရုံတွင် စစ်ဆေးခဲ့ရာ အမှတ် ၂ ရပ်ကွက်မှ အမျိုးသမီး ၅ ဦး ၊ အမျိုးသား ၂ ဦး ၊ ပန်းယျကျေးရွာမှ အမျိုးသား(၂)၊အမျိုးသမီး ၁ ဦး၊ လှိုင်ကျွန်းကျေးရွာမှ အမျိုးသမီး ၁ဦးနှင့် ရဲစခန်းမှ အမျိုးသား (၁)ဦး တို့တွင် ရောဂါပိုးတွေ့ရှိခဲ့သည်။
Jul 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညှိနှိုင်းဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Jul 07,2021
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ စည်ပင်သာယာရေးဌာန လက်အောက်ရှိ ပုံမှန်ဖွင့်လှစ်ရောင်းနေသည့် မြို့မစျေးအတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် အဝတ်အထည်ဆိုင်ခန်းများ၊ အသုံးအဆောင်ပစ္စည်း ဆိုင်ခန်းများနှင့် ကျန်ရှိသည့် ဆိုင်ခန်းများအား ဖွင့်လှစ်ရောင်းချခြင်း မပြုတော့ဘဲ စားသောက်ကုန်နှင့်ဆေးဝါးဆိုင်းခန်းများသာ ဖွင့်လှစ်ရောင်းချခွင့်ပြုကြောင်း သိရသည်။
Jul 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အား ယမန်နေ့က ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။