အမြို့မြို့အနယ်နယ်သတင်းများ

Jul 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ကျိုင်းတုံမြို့၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၈နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် ကျွဲ၊ နွားများ အား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင်လ (၆) ရက်နေ့ ညနေ (၄)နာရီက ဆောင်ရွက်ခဲ့သည်။
Jul 07,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများ နှင့် ထိတွေ့ခဲ့သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ယနေ့နံနက်(၁၀)နာရီ က Test Kit ဖြင့်စစ်ဆေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ တွင် ဆောင်ရွက်ခဲ့ရာ (၁၆) ဦးတွင်ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
Jul 07,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ က လားရှိုးမြို့မှ ပြန်လာသည့် အသက် (၁၉)နှစ်အရွယ်၊ အမျိုးသားတစ်ဦးနှင့် လောက်ကိုင်မြို့မှ ပြန်လာသည့် အသက်(၂၁)နှစ်အရွယ်၊ အမျိုးသမီးတစ်ဦးတို့အား ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ ၎င်းတို့(၂)ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း ယနေ့နံနက်ပိုင်း က သိရသည်။
Jul 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများနှင့် စျေးရောင်းစျေးဝယ်ပြည်သူများအား ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင်သွားလာနိုင်ရန်နှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ Mask campaign ကို ယနေ့နံနက် ၈ နာရီအချိန် က ကော့ကရိတ်မြို့၊ အမှတ် (၃)ရပ်ကွက်၊ နာရီစင်ရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 07,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိုးနှံခြင်း မပြုရသေး သည့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင်(၇)ရက်နေ့ နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 07,2021
ရန်ကုန်‌တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ နှင့် သက်ဆိုင်သော အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ခရမ်းမြို့နယ်အတွင်း အများပြည်သူများ သိရှိစေရန်အတွက် လူစည်ကားရာ နေရာများဖြစ်သော မြို့မဈေးကြီး အတွင်း အပြင်နှင့် ဈေးလမ်းစုံများ၊ စာသင်ကျောင်းများ ၊ လမ်းစုံလမ်းခွများတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်) ၏ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများကို လိုက်လံကပ်ထားခဲ့ကြောင်း သိရသည်။
Jul 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီ ခန့်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် မြို့မစည်ပင်သာယာစျေးအတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော စျေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားသတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။