အမြို့မြို့အနယ်နယ်သတင်းများ

Jul 30,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းညနေပိုင်းတွင်အန္တရာယ်ကင်းပရိတ်၊ ပဌာန်းလှည့်လည် ရွတ်ဖတ်ပူဇော်ခြင်းပြုလုပ်သည့် ဦးဆောင်သောအဖွဲ့ထံသို့ တနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ က ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌အလှူငွေများပေးအပ် လှူဒါန်းခဲ့ ကြောင်း သိရသည်။
Jul 30,2021
သထုံခရိုင် ဘီးလင်းမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinophram)ကို ယနေ့နံနက် ၈ နာရီမှစတင်ကာ ဆေးထိုးစုရပ် ၅ နေရာထားရှိ၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Jul 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ် ၊အားကစားခန်းမသစ်၌ ယနေ့ နံနက် ၉နာရီ အချိန်ကစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Jul 30,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်များနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အတွက် ဝိုင်းမော်မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်စီဂျင်စက်ရုံ ပင်မအဆောက်အဦ တည်ဆောက်နေမှုနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများ သီးသန့်ထားစောင့်ကြည့်နေမှုတို့ကို ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
Jul 30,2021
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အလှူရှင်များက ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဆေးရုံသုံးပစ္စည်းများအပါအဝင် ငွေကျပ်သိန်း ၂၀၀၀ ကျော် ပေးအပ်လှူဒါန်းပွဲကို ဇူလိုင် ၂၉ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
Jul 30,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထောက်ကြံ့တိုင်းကျေးရွာအနီး ပြည်-အောင်လံအဝေးပြေးကားလမ်းမကြီးပေါ်တွင် လုံးပတ်(၁၂)ပေ၊ အရှည်(၆၀)ပေခန့်ရှိ ယင်းမာပင်ကြီးလဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်းကို ပရဟိတ လူနာတင်ယာဉ်တစ်စီးမှ ယာဉ်မောင်း၏ သတင်းပေးချက်အရ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းဇော် ဦးစီး၍ သန္ဓေ တပ်ဖွဲ့ဝင်(၈)ဦးတို့သည် (3J/ 3772) နီဆန်း အုပ်ချုပ်မှုယာဉ်ဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ (၈)နာရီခွဲအချိန်တွင် ရှင်းလင်းပြီးစီး၍မော်တော်ယာဉ်များ ပုံမှန်သွားလာဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်း သိရသည်။