အမြို့မြို့အနယ်နယ်သတင်းများ

Jul 31,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်းရှိ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း ၊ မြစည်းခုံ သာသနာ့ဗိမာန်(ဟောင်း) ၊ ဂယ်ခိုဂယ်ဘား ခရစ်ယာန်ဘုရားကျောင်း နှင့် ကေတုမတီမြို့သစ် အထက်တန်းကျောင်း နေရာများတွင် ယနေ့နံနက်ပိုင်းမှစ၍ အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ နှင့် ဦးစားပေး ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ကာကွယ်ဆေး  ပထမအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 31,2021
 ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ၂လမ်းခန်းမ၌ ယနေ့ နံနက် ၉နာရီမှစတင်၍  ခလရ(၃၅)တပ်မှ ဗိုလ်ကြီးအာကာကျော်နှင့် ဆေးတပ်ဖွဲ့ဝင် များမှတစ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများ ပါဝင်သော ဆေးထိုးအဖွဲ့နှစ်ဖွဲ့ဖြင့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့်အသက် (၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမျိုးဘာသာမရွေး ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 31,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားကူးစက်သောလူနာများ၊ အောက်ဆီဂျင် လိုအပ်သောလူနာများမှ အောက်ဆီဂျင်အခက်အခဲမရှိ ရရှိနိုင်ရေးအတွက် ရန်ကုန်တိုင်း စီမံကောင်ဆီ၏ ညွှန်ကြားမှုဖြင့် မြို့နယ်အောက်ဆီဂျင် ဖြန့်ဝေရေး အထောက်အကူပြု ကော်မတီဖွဲ့စည်းပြီး ဇူလိုင်လ(၂၈)ရက်နေ့မှ စတင်ကာ kitajima နှင့် MEC အောက်ဆီဂျင်စက်ရုံတို့မှ ထုတ်ယူရရှိသည့် အောက်ဆီဂျင် 40liter(၂၉)လုံးအား ရပ်ကွက် (၁၉)ရပ်ကွက်အတွင်းရှိ အမှန်တကယ်လိုအပ်သည့် ပြည်သူများထံသို့ ကနဦး ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ပါသည်။
Jul 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ငွေရည်ပုလဲကုမ္ပဏီမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးနိုင်ရေး ကျန်းမာရေးသုံးပစ္စည်းများကို ယမန်နေ့ညနေ ၄နာရီအချိန်က အဆိုပါ ပြည်သူ့ဆေးရုံ၌ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Jul 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  နောင်ချိုမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၆၅)နှစ်အထက် သက် ကြီးဘိုးဘွားများအား နောင်ချိုမြို့ မြို့နယ်ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Jul 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်ခန့်က မိုင်းငေါ့တိုက်နယ်ကျန်းမာရေးဌာန တွင်ဆောင်ရွက်ခဲ့ပါသည်။
Jul 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဇူလိုင်လ ၂၉ ရက်နံနက် ၈ နာရီက  စတင်ထိုးနှံပေးခဲ့ပြီး ယနေ့နံနက် ၈နာရီက ဆေးထိုးစုရပ်( ၃ ) နေရာတွင် ကိုဗစ်-၁၉ ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။