အမြို့မြို့အနယ်နယ်သတင်းများ

Aug 02,2021
 ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး          ဗိုလ်ချုပ်နီလင်းအောင်၊ပြည်နယ်ဥပဒေချုပ် ပြည်နယ်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့ သည် ယမန်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များဖြစ်သော တပ်ဦး ဥတ္တရရုံ စာသင် တိုက်၊ရှမ်းပိဋကတ်စာသင်တိုက်၊ ဓမ္မသုခစာသင်တိုက်၊ရတနာပုံအောင်သုခစာသင်တိုက်သို့ ဆွမ်းဆန် တော်များ လှူဒါန်းပေးကြကြောင်းသိရသည်။
Aug 02,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် လုပ်အားကြေးမုံခန်းမတွင် စုရပ်အဖြစ် သတ်မှတ်၍ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် ၆၅ နှစ် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Aug 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ အသက် ၆၅ နှစ်အထက်ဘိုးဘွားများနှင့် စေတနာ့ ၀န်ထမ်းများအား Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဖယ်ခုံ မြို့နယ် ခန်းမနှင့် မိုးဗြဲအမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းတို့တွင် ယမန်နေ့နံနက် ၈ နာရီမှ စတင်၍ ညနေ ၄ နာရီအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်
Aug 02,2021
န်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်၊ဆိပ်ကမ်းမြို့နယ်၊ကနောင်ခန်းမ၌(၆၅)နှစ်နဲ့အထက် အဘိုး/အဘွားများနှင့် ကျန်းမာရေးလုပ်ငန်းများတွင်ပါ၀င်ဆောင်ရွက်နေသည့် စေတနာရှင်volunteer များကို ယမန်နေ့ နေ့လည် ၁၁ နာရီ အချိန်မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးခဲ့ကြောင်းသိရသည်။
Aug 02,2021
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်တွင် စတင်ထိုးနှံပေးလျက်ရှိသည်။
Aug 02,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများကို ဦးစာပေးအဆင့်အလိုက် စုရပ်များခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉  နာရီမှစတင်၍ စုရပ် ၃ ခုတွင် ကာကွယ်ဆေးထိုးပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 02,2021
ကိုဗစ်-၁၉ ရောဂါသည် ကူးစက်ပျံ့နှံ့မှု မြန်ဆန်သည်နှင့်အမျှ သေဆုံးမှုများလည်း မြင့်တက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား အထိုက်အလျောက် ကာကွယ်ထိန်းချုပ်နိုင်စေရန်ရည်ရွယ်ပြီး အသက်(၆၅) နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများနှင့် ပရဟိတအဖွဲ့စေတနာ့ဝန်ထမ်းများအား ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တောင်ပိုင်း ခရိုင် ကျောက်တန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Aug 02,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း၌ ယမန်နေ့ ‌နံနက် ၁၁ နာရီအချိန်က ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံ ပေးလျှက်ရှိကြောင်း သိရသည်။