အမြို့မြို့အနယ်နယ်သတင်းများ

Aug 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ်(COVID-19) ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အောင်ဆီဂျင်စက် တည်ဆောက်နိုင်ရေးအတွက် မြို့နယ်ပညာရေးမိသားစုမှ အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Aug 01,2021
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးပြင်ဆင်ထားရှိမှုအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Aug 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဦးစားပေးအလိုက် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်ခန့်မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ အခြေပြုပြီး ကာကွယ်ဆေးများကို စတင်ထိုးနှံပေးနေကြောင်း သိရသည်။
Aug 01,2021
ကရင်ပြည်နယ် ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်စီံမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကာကွယ်ဆေးထိုးနှံပေးနေမှုများအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
Aug 01,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌    ပိုးတွေ့ရှိခဲ့သည့်   လူနာများနှင့်  ထိတွေ့ခဲ့သူများ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူကြပ်ပြီး မောင်တောပြည်သူ့ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား  ဇူလိုင် ၃၁ ရက်နေ့တွင် Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  စစ်ဆေးသူများ အနက် မှ (၉) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။   
Aug 01,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) စတင်ထိုးနှံပေးခြင်းကို မြို့သစ်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံကြီးနားနေဆောင်တွင် ယမန်နေ့ ‌ညနေ ‌၅ နာရီ အချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 01,2021
ကရင်ပြည်နယ်၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်ခံစွမ်းအားတိုးမြှင့်ပေးသည့်  VITAMIN D3 ဆေးရည်များကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကရင်ပြည်နယ်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ လာရောက်လှူဒါန်းသည်။