ပလောက်မြို့ ဆင်ထိုးကြီးကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံရေးအသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်

ပလောက် ဩဂုတ် ၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ဆင်ထိုးကြီးကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး၊ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေးနှင့် မိဘပြည်သူများ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေရန် အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေ (၄)နာရီအချိန်ကစတင်၍ အသိပညာပေးဆောင်ရွက်ခဲ့သည်။

ထိုသို့ နှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုရောဂါ ကွင်းဆက် ပြတ်တောက် နိုင်ရေးအချက်များ၊ မဖြစ်မနေအရေးကြီးကိစ္စများ သွားလာရာ၌ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှပြန်လာ ပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီဆောင်ရွက်ကြရန်၊ ကူးစက် ရောဂါပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ် ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် အသက်(၆၅)နှစ် အထက် ဘိုးဘွားများအား ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက်               (၇-၈-၂၀၂၁)ရက် နံနက်(၈)နာရီခွဲ အချိန်မှစ၍ ဆင်ထိုးကြီးကျေးရွာ၊ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ လာရောက် ထိုးနှံနိုင်ကြောင်း  အသိပေးတိုက်တွန်းနှိုးဆော်ချက် များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့လှည့်လည်ခြင်းလုပ်ငန်းများတွင် မြို့ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက် ပြန်/ဆက်)