အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို ယမန်‌နေ့နံနက် ၁၀ နာရီတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခန်းမ၌ သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 16,2021
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ ဆေးထိုးစုရပ်၌ ဦးစားပေးအုပ်စုများအလိုက် နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်(၉)နာရီအချိန်မှ ညနေ(၄)နာရီအချိန်ထိ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Nov 16,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အသက် ၄၀ မှ ၄၄ နှစ်အထက်ပြည်သူများအား နိုဝင်ဘာ ၁၅ ရက်နံနက် ၈ နာရီခန့်က မြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Nov 16,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်လုံးဆိုင်ရာ ၂၁ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ လှည့်လည် ပူဇော်ပွဲကို ယမန်နေ့၊ ညနေ(၃)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တစ်ဆင့် မြို့တွင်းလမ်းများ အတိုင်း လောကမာရဇိန်ဘုရားကြီးသိမ်တော်သို့ စီတန်းလှည့်လည်ပူဇော်ခဲ့ကြသည်။
Nov 16,2021
စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ မောင်မိုးယံ၏ “လူငယ်နှင့်… အနာဂတ်ဘဝမြှင့် တင်ရေး ဆောင်းပါးများ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေပုံမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်း ညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပသည်။
Nov 16,2021
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်ကို နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁ နာရီအချိန် သာသာနာ့ဗိမာန်တော်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2021
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ဂျန်ပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးအထူးကိုယ်စား လှယ်၊ ဂျပန်နိုင်ငံ The Nippon Foundation အဖွဲ့ဥက္ကဋ္ဌ၊ Mr. Yohei Sasa Kawa နှင့်အဖွဲ့တွေ့ဆုံ သည်။
Nov 16,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ "ဦးမင်းသန်းထိုက်"ရေးသားထားသည့် "စိတ်ပြင်ခြင်းအနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုယမန်နေ့ မွန်းလွဲ(၁) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။