အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ယူ အခမဲ့ထုတ်ဝေသည့် နို၀င်ဘာ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီက ပူတာအိုမြို့နယ် စည်ပင်သာယာဈေးနှင့် လူအသွားအလာများသော လမ်းဆုံလမ်းခွများတွင် ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
Nov 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ဝမ်ဟိုင့်ကျေးရွာအုပ်စု ဝမ်ပန်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့​သည်။
Nov 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့တွင်  အသက်(၁၂)နှစ်ပြည့် ပြီးသော အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်ကာကွယ်ဆေး (Sinovac)ကို ယနေ့နံနက် (၁၀) နာရီအချိန်က  အ-ထ-က သရက် ချောင်းကျောင်းခန်းမ၌  သရက်ချောင်းမြို့နယ်  ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 23,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်ဖြစ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။
Nov 23,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း များမှ အသက်(၁၂)နှစ်နှင့်အထက်ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၉ နာရီက အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းရှိ နဝရတ်ခန်းမ ဆောင်တွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက (ဒုတိယအကြိမ်မြောက်) ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Nov 23,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အတွင်းရှိ သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်နှင့်အထက်ရှိ ပြည်သူများ၊ သတ်မှတ် ဦးစားပေး အုပ်စုများတွင် ပါဝင်သူများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ဂွမြို့စုရပ်ဖြစ်သည့် သာသနာ့ဗိမ္မာန်၊ ဆပ်သွား(အ.ထ.က)နှင့် ကျိန္တလီထွေ/အုပ် ခန်းမတို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို Four Phase ပထမအကြိမ် အဖြစ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Nov 23,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ယနေ့ နံနက် (၉)နာရီ အချိန်က (၁၀၁)နှစ် မြောက် အမျိုးသား‌အောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) စာအုပ်/စာစောင် ပြပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
Nov 23,2021
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အား ကြိုဆိုသောအားဖြင့် ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်ငူမြို့နယ် အမှတ် (၂)နှင့် အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။